Sunday, December 29, 2019

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ကျင်းပသည့် ခရစ္စမတ်အခါသမယနှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာ စားပွဲသို့ တက်ရောက်

Image may contain: 5 people, people smiling, people standing, wedding and indoorImage may contain: 10 people, people sitting, table, wedding and indoor

ခရစ္စမတ်အခါသမယနှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာ စားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ နေအိမ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နေ့လယ်စာစားပွဲတွင် နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာတင်မောင်အေးက ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရရှိစေရန် အထူးဆုတောင်းမေတ္တာ ပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ခရစ္စမတ် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။ ယင်းနောက် နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသူများက ခရစ္စမတ် ဓမ္မတေးသီချင်းကို သီဆို၍ ဂုဏ်တော်ချီးမွမ်းကြသည်။
ဆက်လက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးလဇက်က ကျေးဇူးတော် ချီးမွမ်းပြီး ဆုတောင်းမေတ္တာပို့သသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများသည် နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။ နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး၊ မိသားစုဝင်များ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
Source- MDN #Myanmar_Online_News

<zawgyi>
နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေအိမ်၌ကျင်းပသည့် ခရစ္စမတ်အခါသမယနှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာ စားပွဲသို့ တက်ရောက်
Sunday , December 29 , 2019

ခရစ္စမတ်အခါသမယနှင့် နှစ်သစ်ကူးအကြို ကျေးဇူးတော်ချီးမွမ်းခြင်း နေ့လယ်စာ စားပွဲကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ နေအိမ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နေ့လယ်စာစားပွဲတွင် နေပြည်တော် ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာတင်မောင်အေးက ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရရှိစေရန် အထူးဆုတောင်းမေတ္တာ ပို့သသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ခရစ္စမတ် အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ပေးကြသည်။ ယင်းနောက် နေ့လယ်စာစားပွဲသို့ တက်ရောက်လာကြသူများက ခရစ္စမတ် ဓမ္မတေးသီချင်းကို သီဆို၍ ဂုဏ်တော်ချီးမွမ်းကြသည်။
ဆက်လက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးလဇက်က ကျေးဇူးတော် ချီးမွမ်းပြီး ဆုတောင်းမေတ္တာပို့သသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများသည် နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။ နေ့လယ်စာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတ နှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး၊ မိသားစုဝင်များ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
Source- MDN #Myanmar_Online_News

No comments:

Post a Comment