Monday, December 23, 2019

အမေရိကန်အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချမှုကို ကြုံတွေ့နေရသော ဒေါ်နယ်ထရန့်ဘက်မှ ဗလာဒီမီယာပူတင် ရပ်တည်

Image may contain: 1 person, suit

ရုရှားသမ္မတဗလာဒီမီယာပူတင်သည် ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည့် ရုရှားသမ္မတ၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချကြောင်းအဆိုကို ရင်ဆိုင်နေရသည့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဘက်မှ ကာကွယ်ပြောကြားခဲ့ပြီးစွပ်စွဲပြစ်တင်မှုများမှာ အခြေအမြစ်မရှိသောကြောင့် နောက်ဆုံးတွင် အဆိုတင်သွင်းသူများမှာအရှုံးနှင့်သာ ကြုံတွေ့ရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရုရှားသမ္မတကပြောကြားရာ၌ ၂၀၁၆ခုနှစ် ရွေးကောက်ပွဲ၌ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ခဲ့သော ဒီမိုကရက်တစ်ပါတီသည် အခြားသောနည်းလမ်းများအသုံးပြု၍ ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုစွပ်စွဲပြစ်တင်မှုမှာလည်းနိုင်ငံရေးနည်းလမ်းတစ်ခုပင်ဖြစ်ကြောင်း၊ သို့သော် ရီပတ်ဗလစ်ကန်ပါတီမှ ထိန်းချုပ်ထားသောအထက်လွှတ်တော်ရှိနေသည့်အတွက် အတိုက်အခံဒီမိုကရက်တစ်ပါတီအနေဖြင့် သမ္မတဒေါ်နယ်ထရန့်အား ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း၊ အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချကြောင်းအဆိုသည် ဒေါ်နယ်ထရန့်အပေါ်၌ မည်သည့်အကျိုးသက်ရောက်မှုကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်သော်လည်း အမေရိကန်ပြည်တွင်းနိုင်ငံရေး၌မူ အပြန်အလှန်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ် နေလိမ့်မည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်ပါတီသည် သမ္မတဒေါ်နယ်ထရန့်အား ပထမဦးစွာရုရှားနိုင်ငံနှင့် ပူးပေါင်းသည်ဟူသော စွဲချက်ဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါစွပ်စွဲချက်မအောင်မြင်သောအခါ ဒုတိယမြောက်ကြိုးပမ်းမှုအဖြစ် ပြစ်တင်ရှုတ်ချကြောင်း အဆိုတင်သွင်း၍ ဒေါ်နယ်ထရန့်အား ဖြုတ်ချရန်စီစဉ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သမ္မတပူတင်သည် အဆိုပါ နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲ၌ပင် ၎င်းအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိသမ္မတတာဝန်များ ဆက်လက်ထမ်းဆောင်လိုကြောင်းကို သတင်းထောက်များအားအရိပ်အမြွက်ပြောကြားခဲ့ကြောင်း၊ သမ္မတပူတင်သည် သမ္မတသက်တမ်းပထမအကြိမ်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတသက်တမ်းဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက်ထမ်းဆောင်လျက်ရှိကြောင်း၊သို့သော် ရုရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သူမဆိုသမ္မတသက်တမ်း တတိယအကြိမ်ထမ်းဆောင်ခွင့်မရှိဟူ၍ အတိအလင်းပြဌာန်းထားသည့်အတွက် သမ္မတပူတင်သည် ၂၀၂၄ ခုနှစ် အလွန်ကာလများတွင် သမ္မတရာထူး ဆက်လက်ရယူထားနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ကို အမြန်ဆုံးပြင်ဆင်ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းထားကြကြောင်း သိရှိရသည်။
Source- BSI #Myanmar_Online_News

<zawgyi>
အမေရိကန်အောက်လွှတ်တော်၏ ပြစ်တင်ရှုတ်ချမှုကို ကြုံတွေ့နေရသော ဒေါ်နယ်ထရန့်ဘက်မှ ဗလာဒီမီယာပူတင် ရပ်တည်
Tuesday ,December 24 , 2019

No comments:

Post a Comment