Wednesday, December 25, 2019

စိတ်ကြွဆေး ၂သန်းခြောက်သိန်းနဲ့အတူ အဓိကမူးယစ်ဂိုဏ်းဝင်များအား ဖမ်းဆီးလိုက်ကြောင်းထိုင်းနိုင်ငံ ၁၉၁ ရဲတပ်ဖွဲ့က ထုတ်ပြန်

Image may contain: 6 peopleImage may contain: one or more people and people sitting

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် စီရာချာမြို့ ခေါင်ကန်စွန်ရပ်ကွက်မှာ ဖမ်းဆီးနိုင်ခဲ့တဲ့ မူးယစ်ဂိုဏ်းဝင်တွေဟာ ၀ နယ်မြေထုတ် ရာဘစိတ်ကြွဆေးတွေကို ထိုင်းမြောက်ပိုင်းကနေတဆင့် သယ်လာပြီးချွန်ဘူရီခရိုင်မှာ ဖြန့်ဖြူးရောင်းချနေတဲ့ အဓိကမူးယစ်ဂိုဏ်းဖြစ်ကြောင်း ၁၉၁ ရဲဗိုလ်ချုပ် Samran Nuanma ဆမ်ရမ်နွမ်မာက ဦးဆောင်ရှင်းလင်းတဲ့ ဘန်ကောက်သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ အထူး ရဲတပ်ဖွဲ့ ဝင်တွေဟာ တရားခံတွေကို သတင်းအရ လနဲ့ချီ စောင့်ကြည့်နေခဲ့ပြီး ရာဘ စိတ်ကြွဆေး ခြောက်သိန်း အရောင်းအဝယ်လုပ်တဲ့အခါ စိတ်ကြွဆေးတွေတင်လာတဲ့ ကားကို လမ်းကနေ ကြားဖြတ်ဖမ်းဆီးလိုက်တာပါ။
တရားခံ ထိုင်းနိုင်ငံသားနိုင် ကွန်ကရစ် နဲ့ အတူ အဖွဲ့ဝင်သုံးဦး ကို ဖမ်းဆီးစစ်ဆေးပြီး နောက်ထပ် စိတ်ကြွဆေး နှစ်သန်း ခတ္တမင်း ၁၁ကီလိုနဲ့ လက်နက်တွေပါ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပါတယ်။တရားခံတွေရဲ့ ဘဏ်စာရင်းတွေကို စစ်ဆေးချက်တွေအရ မူးယစ်ဆေးဝါး ရောင်းနေတဲ့ငွေဟာ ထိုင်းဘတ်ငွေ သန်းပေါင်း (၈၀၀)ကျော် ငွေအဝင်အထွက်ရှိတာကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
နှစ်သစ်ကူးကာလကို အချိန်ကိုက်ပြီး မူးယစ်ဆေးတွေ ဆက်တိုက်ဝင်လာနေတာကို နယ်ခြားစောင့်တပ်တွေက သတိထားစောင့်ကြည့်စစ်နေကြတဲ့အချိန်မှာဘဲ မြန်မာနိုင်ငံ တာချီလိတ်မြို့က အာခါနဲ့ ရှမ်းတိုင်းရင်းသားအမျိုးသား နှစ်ဦးထံက လက်ပြောင်းယူလာတဲ့ စိတ်ကြွဆေး လေးသိန်းကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ကနေ ကားနဲ့ သယ်လာသူ ထိုင်းနိုင်ငံသားကို ဘန့်ဒိုင် ရဲစစ်ဆေးရေးဂိတ်မှာ ဖမ်းမိသွားခဲ့ကြောင်း သိရပါတယ်။
Image may contain: one or more people
<<Zawgyi>>
Wednesday ,December 25 , 2019

တရားခံ ထိုင်းနိုင်ငံသားနိုင် ကြန္ကရစ် နဲ့ အတူ အဖြဲ့ဝင်သုံးဦး ကို ဖမ်းဆီးစစ်ဆေးပြီး နောက္ထပ် စိတ်ြကြေဆး နွစ်သန်း ခတ္တမင်း ၁၁ကီလိုနဲ့ လက္နက်တြေပါ ထပ္မံ ဖမ်းဆီးနိုင္ခဲ့ပါတယ်။တရားခံတြေရဲ့ ဘဏ္စာရင်းတြေကို စစ်ဆေးခ်က်တြေအရ မူးယစ်ဆေးဝါး ရောင်းနေတဲ့ငြေဟာ ထိုင်းဘတ်ငြေ သန်းပေါင်း (၈၀၀)ကေ်ာ် ငြေအဝင်အထြက်ရွိတာကိုလည်း စစ်ဆေးတြေ့ရွိခဲ့ကြောင်း သိရပါတယ်။
Ref- SAW #Myanmar_Online_News

No comments:

Post a Comment