ဗစ်တိုးရီးယားလေးအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသော ဦးသက္ကမိုးညိုထံသို့ သမီးလေး၏ ဖခင်မှ မက်ဆေ့ချ်ဘောက်ကို ပေးပို့လာသော စာအား ပြန်လည်ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်နော်။
ဗစ်တိုးရီးယား၏ ဖခင်မှ ယခုလိုရေးသားဖော်ပြထားပါသည်။
'' ကျွန်တော့် သမီးငယ်လေးအတွက် အမှန်တရား ရှာဖွေရာမှာ အပြီးမသတ်နိုင်လို့ ကိုယ်စိတ်မချမ်းမြေ့မိတာက တပိုင်းပါ။ ကျန်တဲ့ တပိုင်းမှာတော့ ကော်မတီဖွဲ့ပြီး ကူညီသူတွေ၊ ဆန္ဒထုတ် ဖော်ခြင်းနဲ့ ကူညီဖို့ အားထုတ်သူတွေ၊ ပြင်ပမှာဖြစ်ဖြစ် လူမှုကွန်ယက်မှာ ဖြစ်ဖြစ် ဝန်းရံသူ ပြည်သူ အားလုံးကို ကျေးဇူးတင်ရပါတယ်။
လမ်းချင်းမတူသည့်တိုင် ပန်းတိုင်ချင်း တူကြပါတယ်။ စာနာစိတ်ဖြင့် ကူညီခဲ့ကြတဲ့ မီဒီယာသမားတွေ(အထူးသဖြင့် နေပြည်တော်ရပ်ဝန်းက မီဒီယာသမားတွေ)ကို ကျေးဇူးအထူးတင်ပါတယ်။
သမီးလေးအမှန်တရားပေါ်ပေါက်ဖို့ ဆက်လက်ဝန်းရံပေးဖို့လည်း တောင်းဆိုချင်ပါတယ်။''ဟု ရေးသားဖော်ပြထားသည်ကို ဖော်ပြထားပါသည်။
<zawgyi>
ဗစ်တိုးရီးယားလေး၏ ဖေဖေရေးတဲ့စာပြန်လည်ဝေမျှပေးလိုက်တဲ့ ဦးသက္ကမိုးညို
Tuesday ,December 24 , 2019
ဗစ်တိုးရီးယားလေးအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသော ဦးသက္ကမိုးညိုထံသို့ သမီးလေး၏ ဖခင်မှ မက်ဆေ့ချ်ဘောက်ကို ပေးပို့လာသော စာအား ပြန်လည်ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်နော်။
ဗစ်တိုးရီးယား၏ ဖခင်မှ ယခုလိုရေးသားဖော်ပြထားပါသည်။
'' ကျွန်တော့် သမီးငယ်လေးအတွက် အမှန်တရား ရှာဖွေရာမှာ အပြီးမသတ်နိုင်လို့ ကိုယ်စိတ်မချမ်းမြေ့မိတာက တပိုင်းပါ။ ကျန်တဲ့ တပိုင်းမှာတော့ ကော်မတီဖွဲ့ပြီး ကူညီသူတွေ၊ ဆန္ဒထုတ် ဖော်ခြင်းနဲ့ ကူညီဖို့ အားထုတ်သူတွေ၊ ပြင်ပမှာဖြစ်ဖြစ် လူမှုကွန်ယက်မှာ ဖြစ်ဖြစ် ဝန်းရံသူ ပြည်သူ အားလုံးကို ကျေးဇူးတင်ရပါတယ်။
လမ်းချင်းမတူသည့်တိုင် ပန်းတိုင်ချင်း တူကြပါတယ်။ စာနာစိတ်ဖြင့် ကူညီခဲ့ကြတဲ့ မီဒီယာသမားတွေ(အထူးသဖြင့် နေပြည်တော်ရပ်ဝန်းက မီဒီယာသမားတွေ)ကို ကျေးဇူးအထူးတင်ပါတယ်။
သမီးလေးအမှန်တရားပေါ်ပေါက်ဖို့ ဆက်လက်ဝန်းရံပေးဖို့လည်း တောင်းဆိုချင်ပါတယ်။''ဟု ရေးသားဖော်ပြထားသည်ကို ဖော်ပြထားပါသည်။
No comments:
Post a Comment