၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်မတော်(ရေ)သည် ယနေ့တွင် (၇၂)နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယနေ့(၇၂) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားအား ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အခမ်းအနားတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်က စစ်ရေယာဉ်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက်ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာစစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများ အားလွှဲပြောင်းပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်သည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော စစ်ရေယာဉ်(မုတ္တမ)၊ ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေး ရေယာဉ်(မြစ်ကြီးနား)၊ ၂၇ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်များ၊ ၂၆ မီတာ ပင်လယ်သွား တွဲ၊ဆွဲ ရေယာဉ်များနှင့် ၂၀ မီတာ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် များအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ် (Multi Purpose Vessel-MPSV) ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ထိုအချိန်တွင် စစ်ရေယာဉ်-ရန်တိုင်းအောင်နှင့် စစ်ရေယာဉ်-ရန်ကြီးအောင်တို့မှ အမြောက်(၁၉)ချက် ပစ်ဖောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ဂုဏ်ပြုအလေးပြုကြသည်။ ယင်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။ ၎င်းနောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျ ဦးဆောင်သော ဖရီးဂိတ်စစ်ရေယာဉ်-ကျန်စစ်သား၊ ဖရီးဂိတ်စစ်ရေယာဉ်-ဆင်ဖြူရှင်၊ ကော်ဗက် စစ်ရေယာဉ်-တပင်ရွှေထီး၊ ကော်ဗက်စစ်ရေ ယာဉ်-ဘုရင့်နောင်နှင့် အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ပြီး ချီတက်အလေးပြုကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယနေ့သည် တပ်မတော်(ရေ)အတွက် သမိုင်းသစ်စခဲ့သည့် နေ့တစ်နေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးမားဆုံး ဘက်စုံသုံးထောက်ပံ့ရေးရေယာဉ်ကြီးအပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊ မိမိတို့၏ တပ်မတော်(ရေ)ကို သာမန်ရေ တပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ရေတပ်သင်္ဘောကျင်းအနေဖြင့် ဖရီးဂိတ်စစ် ရေယာဉ် မှစ၍ ရေယာဉ်မျိုးစုံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အတွက်ငွေကြေး ကုန်ကျမှုကိုလျှော့ချနိုင်ခြင်းသည် တပ်မတော်(ရေ)အတွက် ဂုဏ်ယူနိုင်ခြင်းပင်ဖြစ် ကြောင်း၊ သင်္ဘောကျင်းဌာနချုပ်ကို အဆင့်မြှင့်တင်ခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိသောကြောင့် အနာဂတ်တွင်ယခုထက် အရည်အသွေးပိုမိုကောင်းမွန်သည့်၊ စွမ်းရည်ပိုမို ကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက်တည်ဆောက်နိုင်မည်ဖြစ်သလို ယခင်ကတည်ဆောက်ခဲ့သည့် စစ်ရေယာဉ်နှင့် တိုက်ရေယာဉ်များ တည်ဆောက်ခဲ့သည့် အတွေ့အကြုံများရယူပြီး ပိုမိုကောင်းမွန်သည့် စစ်ရေယာဉ်များကို ဆက်လက် တည်ဆောက်သွားနိုင်ရမည်ဟု ယုံကြည်ကြောင်း၊ စစ်ရေယာဉ်တည်ဆောက်ရေး လုပ်ငန်း သည် အဘက်ဘက်မှတွက်ချက်၍ ရေကြောင်းစစ်ဆင်ရေးမှူးများနှင့် တည်ဆောက် ရေးစွမ်းပကားမြင့်မားသူများပူးပေါင်းပြီး အမှားမခံဆောင်ရွက် တည်ဆောက်ရသည် ဖြစ်သောကြောင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ရေတပ် သင်္ဘော ကျင်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များအား အထူးချီးကျူးပါကြောင်း၊ တပ်မတော်(ရေ)၏ ရှိရင်းစွဲကောင်းမွန်သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ နိုင်ငံတော်က အားကိုးရသည့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်(ရေ) ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ (၇၂)နှစ်မြောက်တပ်မတော်(ရေ) အထိမ်းအမှတ်ပြခန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်မှတ်ရေးထိုးကာ အထိမ်းအမှတ်ပြခန်းများနှင့် ရေတပ်စခန်းဌာနချုပ်အလိုက်ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည် ။ ၎င်း နောက် တပ်မတော်(ရေ)စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ် ဖျော်ဖြေမှုများအားကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

<zawgyi>
(၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ဂုဏ်ပြု

#Myanmar_Online_News #(၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ #စစ်ရေယာဉ်
No comments:
Post a Comment