Friday, December 6, 2019

ကျိုက်မရော မုဆိုးကျွန်းတွင် မူးယစ်ဆေးဖမ်းဆီးသည့်ရဲတပ်ဖွဲ့ အပြန်လမ်း၌ ပစ်ခတ်ခံရ

Image may contain: 2 people

ဒီဇင်ဘာ ၅ရက်နေ့ ညနေပိုင်းတွင် ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာနေ ဒေါ်ရိုဟီမာဘီ၊ မတင်တင်မြင့် တို့သည် WY စိတ်ကြွဆေးပြားများ ရောင်းဝယ်နေသဖြင့် နယ်မြေခံသတင်းအရ ပြည်နယ်မူးယစ်တပ်ဖွဲ့မှသက်သေများအနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံများအား WY စိတ်ကြွဆေးပြား (၁၅၀၀)ကျော်၊ ရောင်းရငွေ နှစ်သိန်းကျော်နှင့်အတူ ဖမ်းမိခဲ့သည်။

ထိုသို့ ဖမ်းဆီးမိပြီး ညနေ ၃ နာရီအချိန် မူးယစ်တပ်ဖွဲ့ပြန်လာရာလမ်း မုဆိုးကျွန်းရွာအထွက် ကော့ခနိကုန်းဘက်(DKBA အမှတ် 901 ဗိုလ်ကြီးအောင်ထူး အာဝါဒေးဖွင့်ထားတဲ့နေရာ)မှ ချောင်းမြောင်းပစ်ခတ်သဖြင့် မူးယစ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ၍ ဆေးရုံသို့ ပို့ဆောင်ထားရပြီး ပစ်ခတ်သည့် တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကနဦး သိရှိရပါသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်သားရန်နိုင်မြင့်၏ ယာနားနောက်ကျည်ရှပ်ထိဒဏ်ရာ၊ ယာနားနောက်ဖက်ပေါက်ပြဲ ဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်နှင့်အတူ လဲကျတိမ်းမှောက်သွားသည့်အတွက် နဖူး၊ နှုတ်ခမ်းလက်များတို့၌လည်း ပေါက်ပြဲဒဏ်ရာများစွာရရှိသွားခဲ့ရသဖြင့် ဆေးရုံသို့ချက်ချင်းတင်ပို့ပေးခဲ့ရသည်။
Image may contain: 2 people
No photo description available.
No photo description available.
Image may contain: one or more people, outdoor and indoor
Image may contain: one or more people
<<Zawgyi>>
ကျိုက်မရော မုဆိုးကျွန်းတွင် မူးယစ်ဆေးဖမ်းဆီးသည့်ရဲတပ်ဖွဲ့ အပြန်လမ်း၌ ပစ်ခတ်ခံရ
Friday, December 6 , 2019

ဒီဇင်ဘာ ၅ရက်နေ့ ညနေပိုင်းတွင် ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာနေ ဒေါ်ရိုဟီမာဘီ၊ မတင်တင်မြင့် တို့သည် WY စိတ်ကြွဆေးပြားများ ရောင်းဝယ်နေသဖြင့် နယ်မြေခံသတင်းအရ ပြည်နယ်မူးယစ်တပ်ဖွဲ့မှသက်သေများအနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံများအား WY စိတ်ကြွဆေးပြား (၁၅၀၀)ကျော်၊ ရောင်းရငွေ နှစ်သိန်းကျော်နှင့်အတူ ဖမ်းမိခဲ့သည်။
ထိုသို့ ဖမ်းဆီးမိပြီး ညနေ ၃ နာရီအချိန် မူးယစ်တပ်ဖွဲ့ပြန်လာရာလမ်း မုဆိုးကျွန်းရွာအထွက် ကော့ခနိကုန်းဘက်(DKBA အမှတ် 901 ဗိုလ်ကြီးအောင်ထူး အာဝါဒေးဖွင့်ထားတဲ့နေရာ)မှ ချောင်းမြောင်းပစ်ခတ်သဖြင့် မူးယစ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ၍ ဆေးရုံသို့ ပို့ဆောင်ထားရပြီး ပစ်ခတ်သည့် တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကနဦး သိရှိရပါသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်သားရန်နိုင်မြင့်၏ ယာနားနောက်ကျည်ရှပ်ထိဒဏ်ရာ၊ ယာနားနောက်ဖက်ပေါက်ပြဲ ဒဏ်ရာရရှိသွားပြီး ဆိုင်ကယ်နှင့်အတူ လဲကျတိမ်းမှောက်သွားသည့်အတွက် နဖူး၊ နှုတ်ခမ်းလက်များတို့၌လည်း ပေါက်ပြဲဒဏ်ရာများစွာရရှိသွားခဲ့ရသဖြင့် ဆေးရုံသို့ချက်ချင်းတင်ပို့ပေးခဲ့ရသည်။

0 comments:

Post a Comment