Tuesday, December 31, 2019

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကောလင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၁၂၀ ပြား ဖမ်းဆီး ရမိ

Image may contain: one or more people, people sitting and indoor

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကောလင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၁၂၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ ၁၀၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မ ှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ ဆင်ကုန်းကျေးရွာအုပ်စု၊ ကညွတ်အင်းကျေးရွာအနီး ထီးချိုင့်-ကျောက်တန်းလမ်းဆုံသွားကားလမ်းပေါ်တွင် ထီးချိုင့်မြို့ဘက်မှ ကျောက်တန်း လမ်းဆုံဘက်သို့ မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာနေ မောင်ကျိန် ၂၇ နှစ်စီးနင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလပ်စတစ်ကပ်ခွာအိတ်များ ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၁၂ဝ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၃၅၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကောလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
Source:CCDAC Myanmar #Myanmar_Online_News
<<Zawgyi>>
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကောလင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၁၂၀ ပြား ဖမ်းဆီး ရမိ
Tuesday , December 31 , 2019

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ကောလင်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၁၂၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ ၁၀၃၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မ ှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကောလင်းမြို့နယ်၊ ဆင်ကုန်းကျေးရွာအုပ်စု၊ ကညွတ်အင်းကျေးရွာအနီး ထီးချိုင့်-ကျောက်တန်းလမ်းဆုံသွားကားလမ်းပေါ်တွင် ထီးချိုင့်မြို့ဘက်မှ ကျောက်တန်း လမ်းဆုံဘက်သို့ မန်တုံမြို့နယ်၊ လွယ်ကန်ကျေးရွာနေ မောင်ကျိန် ၂၇ နှစ်စီးနင်းမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တွင်သိုဝှက်သယ်ဆောင်လာသော ပလပ်စတစ်ကပ်ခွာအိတ်များ ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၁၂ဝ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၃၅၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကောလင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
Source:CCDAC Myanmar #Myanmar_Online_News

No comments:

Post a Comment