Tuesday, December 31, 2019

အမြန်လမ်းမကြီးပေါ်မှာ နိုင်းဝမ်းနဲ့ ယုန်လေးတို့ လိုက်ပါလာတဲ့ကား ရှေ့တာယာကွဲထွက်မှုဖြစ်ပွား

Image may contain: 1 person, standing and outdoorImage may contain: 4 people, people smiling, people sitting

လူငယ်ကြိုက်တေးသံရှင်များဖြစ်ကြတဲ့ ယုန်လေးနဲ့ Nine One က အရင်ကတည်းက အနုပညာလောကထဲမှာ အောင်မြင်စွာ ရပ်တည်ခဲ့ပြီး ပရိသတ်အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။

ယုန်လေးက လက်ရှိမှာတော့ သီချင်းဆိုတဲ့အလုပ်အပြင် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို Nine One ကလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ဒီနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ယုန်လေးနဲ့ နိုင်းဝမ်းက နေပြည်တော်မှာ စတိတ်ရှိုးဆိုပြီး ရန်ကုန်အပြန် အမြန်လမ်းမကြီးပေါ်မှာ ကားအက်ဆီဒင့်တစ်ခုနဲ့ ကြုံခဲ့ရပြီး ကံကောင်းလွန်းလို့ သေကံမရောက်ခဲ့ရပါတယ်။
နိုင်းဝမ်းမောင်းနှင်းလာတဲ့ကားဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် အရှိန်များနေတဲ့အချိန် ရှေ့ဘီးကားတာယာ ကွဲထွက်သွားတာ ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်းဝမ်းရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် ချက်ချင်းဆိုသလို အချိန်မီကားကို ထိန်းသိမ်းမောင်းနှင်နိုင်ခဲ့တာကြောင့် သေကံမရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အခုတော့ ယုန်လေးနဲ့ နိုင်းဝမ်းတို့ စီးနင်းလာတဲ့ကားကို အမြန်လမ်းမကြီးပေါ်မှာပဲ ပြုပြင်နေလျက်ရှိပါတယ်။ ယုန်လေးနဲ့ နိုင်းဝမ်းကတော့ ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။
Image may contain: car
Image may contain: car
Source:NineOne'Fb #Myanmar_Online_News
<<Zawgyi>>
အမြန်လမ်းမကြီးပေါ်မှာ နိုင်းဝမ်းနဲ့ ယုန်လေးတို့ လိုက်ပါလာတဲ့ကား ရှေ့တာယာကွဲထွက်မှုဖြစ်ပွား
Tuesday , December 31 , 2019

လူငယ်ကြိုက်တေးသံရှင်များဖြစ်ကြတဲ့ ယုန်လေးနဲ့ Nine One က အရင်ကတည်းက အနုပညာလောကထဲမှာ အောင်မြင်စွာ ရပ်တည်ခဲ့ပြီး ပရိသတ်အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။
ယုန်လေးက လက်ရှိမှာတော့ သီချင်းဆိုတဲ့အလုပ်အပြင် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသလို Nine One ကလည်း အနုပညာလုပ်ငန်းတွေ ဆက်တိုက် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ဒီနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာတော့ ယုန်လေးနဲ့ နိုင်းဝမ်းက နေပြည်တော်မှာ စတိတ်ရှိုးဆိုပြီး ရန်ကုန်အပြန် အမြန်လမ်းမကြီးပေါ်မှာ ကားအက်ဆီဒင့်တစ်ခုနဲ့ ကြုံခဲ့ရပြီး ကံကောင်းလွန်းလို့ သေကံမရောက်ခဲ့ရပါတယ်။
နိုင်းဝမ်းမောင်းနှင်းလာတဲ့ကားဟာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ် အရှိန်များနေတဲ့အချိန် ရှေ့ဘီးကားတာယာ ကွဲထွက်သွားတာ ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်းဝမ်းရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် ချက်ချင်းဆိုသလို အချိန်မီကားကို ထိန်းသိမ်းမောင်းနှင်နိုင်ခဲ့တာကြောင့် သေကံမရောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အခုတော့ ယုန်လေးနဲ့ နိုင်းဝမ်းတို့ စီးနင်းလာတဲ့ကားကို အမြန်လမ်းမကြီးပေါ်မှာပဲ ပြုပြင်နေလျက်ရှိပါတယ်။ ယုန်လေးနဲ့ နိုင်းဝမ်းကတော့ ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပါဘူး။
Source:NineOne'Fb #Myanmar_Online_News

No comments:

Post a Comment