အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားတောင်ပိုင်းမှာ ခရီးသည် ၃၇ ဦးနဲ့ ကားမောင်းသမား လိုက်ပါလာသော ဘတ်စ်ကားတစ်စီးမနေ့ညပိုင်းက ချောက်ထဲထိုးရာ လူအနည်းဆုံး၂၅ ဦးသေဆုံးပြီး တချို့လူတွေက ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေရေး လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဘတ်စ်ကားဟာ ဆူမားတြားကျွန်းပေါ်က ဘန်ကူလူမြို့ကနေ မနက်စောစော ထွက်ခွာလာပြီး လီကု လီမာတန် ဒေသအရောက် ဒေသစံချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် ပေ ၅၀၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကို ကူညီရန် ကယ်ဆယ်ရေးသမား ၁၂၀ ဦး စေလွှတ်ထားရာ လူ ၁၄ ဦးကို ကယ်ဆယ်နိုင်ပြီပြီဖြစ်ကြောင်း သိရပါတယ်။
အသက်ရှင်တဲ့ ခရီးသည်တွေအပြောအရ မတော်တဆဖြစ်စဉ် ဖြစ်ပွားချိန်မှာ ကားပေါ်တွင်လူ ၅၀ လောက် ပါရှိကြောင်းပြောပါတယ်။

<zawgyi>
အင်ဒိုနီးရှားနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးရာ လူအနည်းဆုံး ၂၅ ဦးသေဆုံးပြီး လူအချို့ ပျောက်ဆုံး
Tuesday ,December 24 , 2019
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားတောင်ပိုင်းမှာ ခရီးသည် ၃၇ ဦးနဲ့ ကားမောင်းသမား လိုက်ပါလာသော ဘတ်စ်ကားတစ်စီးမနေ့ညပိုင်းက ချောက်ထဲထိုးရာ လူအနည်းဆုံး၂၅ ဦးသေဆုံးပြီး တချို့လူတွေက ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေရေး လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဘတ်စ်ကားဟာ ဆူမားတြားကျွန်းပေါ်က ဘန်ကူလူမြို့ကနေ မနက်စောစော ထွက်ခွာလာပြီး လီကု လီမာတန် ဒေသအရောက် ဒေသစံချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် ပေ ၅၀၀ အနက်ရှိ ချောက်ထဲသို့ ထိုးကျခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကို ကူညီရန် ကယ်ဆယ်ရေးသမား ၁၂၀ ဦး စေလွှတ်ထားရာ လူ ၁၄ ဦးကို ကယ်ဆယ်နိုင်ပြီပြီဖြစ်ကြောင်း သိရပါတယ်။
အသက်ရှင်တဲ့ ခရီးသည်တွေအပြောအရ မတော်တဆဖြစ်စဉ် ဖြစ်ပွားချိန်မှာ ကားပေါ်တွင်လူ ၅၀ လောက် ပါရှိကြောင်းပြောပါတယ်။
Source- AFP via- MDN #Myanmar_Online_News
No comments:
Post a Comment