Friday, December 27, 2019

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၁)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

Image may contain: one or more people, people sitting and indoor
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန် ခြင်း (၃၁)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) ရှိ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နှစ်ပတ်လည် ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီးဒေါ်ခင်ကြည်အား ရည်စူး၍ ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) အမှူးပြုသော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေသည်။
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Image may contain: 8 people, people sitting, table and indoor
Image may contain: 9 people, people smiling, people standing
Source- MSCO #Myanmar_Online_News

<zawgyi>
ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၁)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူနှင့် ဘာသာပေါင်းစုံဆုတောင်းပွဲကျင်းပ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် ကွယ်လွန် ခြင်း (၃၁)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) ရှိ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နှစ်ပတ်လည် ဆွမ်းကျွေးအလှူတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိခင်ကြီးဒေါ်ခင်ကြည်အား ရည်စူး၍ ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) အမှူးပြုသော သံဃာတော် ၁၆ ပါးတို့အား ပင့်ဖိတ်ကာ ဆွမ်းနှင့်သင်္ကန်းများ ဆပ်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူကာ ရေစက်သွန်းလောင်း အမျှပေးဝေသည်။
မွန်းလွဲပိုင်းတွင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ကြီး ဒေါ်ခင်ကြည်အတွက် ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ ဘဟာအီဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များက မေတ္တာစကားပြောကြားခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Source- MSCO #Myanmar_Online_News

No comments:

Post a Comment