Tuesday, December 24, 2019

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်

Image may contain: indoor

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၊ မြဝတီခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး၊ ကျောင်းဆင်းဗိုလ်လောင်းများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ရောက် တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရအမျိုးသမီးအရာရှိ ဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက်အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင် ကြားခဲ့ပြီး ယခုအခါ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)အထိ လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်သည်။
ယခုဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)တွင် မဟာသုတေသနဘွဲ့ ရရှိသူ ငါးဦး၊ မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိသူ ၃၇ ဦး၊ မဟာဘွဲ့ တက်ရောက်ရန် အဆင့်မီသူ ၁၆ ဦး၊ သိပ်္ပံနှင့် ဝိဇ္ဇာဘွဲ့ရရှိသူ ၄၇ ဦးဖြစ်ကြောင်းနှင့် သင်တန်းဆင်း အမျိုးသမီးအရာရှိများ အနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။

<zawgyi>
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်
Tuesday ,December 24 , 2019

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၊ မြဝတီခန်းမ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလူအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦး၊ ကျောင်းဆင်းဗိုလ်လောင်းများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ရောက် တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ ကျင်းပပြုလုပ်သည့် ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ကျောင်းဆင်းဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်းများအား ဒုတိယဗိုလ်အဆင့်ဖြင့် ရာထူးခန့်အပ်ပေးခြင်းဖြစ်သည်။ ဘွဲ့ရအမျိုးသမီးအရာရှိ ဗိုလ်လောင်းသင်တန်းအား တပ်မတော်အတွက်အရည်အချင်းပြည့်ဝသည့် ဦးစီးအရာရှိများ မွေးထုတ်ပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၌ ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်သင် ကြားခဲ့ပြီး ယခုအခါ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)အထိ လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ပြီဖြစ်သည်။
ယခုဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆)တွင် မဟာသုတေသနဘွဲ့ ရရှိသူ ငါးဦး၊ မဟာဝိဇ္ဇာဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိသူ ၃၇ ဦး၊ မဟာဘွဲ့ တက်ရောက်ရန် အဆင့်မီသူ ၁၆ ဦး၊ သိပ်္ပံနှင့် ဝိဇ္ဇာဘွဲ့ရရှိသူ ၄၇ ဦးဖြစ်ကြောင်းနှင့် သင်တန်းဆင်း အမျိုးသမီးအရာရှိများ အနေဖြင့် သက်ဆိုင်ရာ (ကြည်း၊ ရေ၊ လေ) လက်ရုံးတပ်ဖွဲ့များတွင် အသီးသီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment