Friday, December 6, 2019

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးလက်အောက်ရှိ ရဲအရာရှိ အချို့အပြောင်းအလဲ ပြုလုပ်

Image may contain: outdoor

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးများ အား အပြောင်း အလဲ ပြုလုပ်သွားကြောင်း သိရသည်။

တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်နှင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးတို့ သည် ရာထူးတိုးဖြင့် ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း သိရသည်။ထို့အတူ အမှတ်(၁၈) ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှူး(ရှမ်းတောင်)မှ ရဲမှူး မျိုးဇော်အောင်အစား ရဲမှူးထွန်းနိုင် အောင်ကို ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်ကိုလည်း အ ပြောင်းအရွှေ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အရာရှိအချို့ထံမှသိ ရသည်။
<<Zawgyi>>
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးလက်အောက်ရှိ ရဲအရာရှိ အချို့အပြောင်းအလဲ ပြုလုပ်
Friday, December 6 , 2019

ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးများ အား အပြောင်းအလဲ ပြုလုပ်သွားကြောင်း သိရသည်။
တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်နှင့် တာချီလိတ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးတို့ သည် ရာထူးတိုးဖြင့် ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း သိရသည်။ထို့အတူ အမှတ်(၁၈) ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှူး(ရှမ်းတောင်)မှ ရဲမှူး မျိုးဇော်အောင်အစား ရဲမှူးထွန်းနိုင် အောင်ကို ပြောင်းရွှေ့တာဝန်ထမ်း ဆောင်စေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်ကိုလည်း အ ပြောင်းအရွှေ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အရာရှိအချို့ထံမှသိ ရသည်။

0 comments:

Post a Comment