Sunday, December 29, 2019

မိုင်းဆတ်မြို့နယ်၌ ထိုင်းနိုင်ငံသားတစ်ဦးထံမှ သိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

No photo description available.

မိုင်းဆတ်မြို့နယ်၌ ထိုင်းနိုင်ငံသား တစ်ဦးထံမှသိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းထလမ်းကျေးရွာအုပ်စု၊ ယောင်ခ (နားယောင်း)ကျေးရွာဈေး၊ ဆိုင်ခန်းအမှတ်(၅၂)တွင် ဌားရမ်းနေထိုင်သူ (ထိုင်းနိုင်ငံသား)ကျော့ချိုင်း၏ အခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ဆာလာအိတ် ၁၃ အိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျော့ချိုင်း(ဖမ်းမမိ) အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၅၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

<zawgyi>
မိုင်းဆတ်မြို့နယ်၌ ထိုင်းနိုင်ငံသားတစ်ဦးထံမှ သိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
Sunday , December 29 , 2019

မိုင်းဆတ်မြို့နယ်၌ ထိုင်းနိုင်ငံသား တစ်ဦးထံမှသိန်းပေါင်း ၂၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းထလမ်းကျေးရွာအုပ်စု၊ ယောင်ခ (နားယောင်း)ကျေးရွာဈေး၊ ဆိုင်ခန်းအမှတ်(၅၂)တွင် ဌားရမ်းနေထိုင်သူ (ထိုင်းနိုင်ငံသား)ကျော့ချိုင်း၏ အခန်းအား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ဆာလာအိတ် ၁၃ အိတ်ဖြင့်ထည့်လျက် WY စိတ်ကြွဆေးပြား ၁,၃၀၀,၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျော့ချိုင်း(ဖမ်းမမိ) အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၅၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။
#Myanmar_Online_News

No comments:

Post a Comment