Monday, December 23, 2019

ငပုတောမြို့နယ်တွင် ရွာသား ၁၂၀ ဦး အစာအဆိပ်သင့်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ မနေ့က ကျေးရွာသား အယောက် ၁၂၀ ခေါက်ဆွဲကြော်စားပြီးနောက် အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးရုံပို့လိုက်ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ အစာအဆိပ်သင့်မှုသည် ပိုးသတ်ဆေး အလွန် အကျွံသုံးစွဲထားတဲ့ ဂေါ်ဖီထုပ်ကို ရေစင်ကြယ်အောင်မဆေးဘဲ ချက်ပြုတ်စားသုံးမိတာကြောင့်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က ငပုတောမြို့နယ် အုတ်ရှစ် ကလေးကျေးရွာ က မသန်းသန်းဦးရဲ့ နေအိမ်မှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ကျွေးမွေး လှူဒါန်းတဲ့ ကြက်သား၊ ဂေါ်ဖီ၊ မုန်လာဥတို့နဲ့ ရောနှောထားတဲ့ ခေါက်ဆွဲကြော်ကို စားသုံးရာမှာ အမျိုးသား ၆၀ ဦးနဲ့ အမျိုးသမီး ၆၀ ဦး အော့အန်တာပြီး ငပုတောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရတာပါ။
Source- MHAM #Myanmar_Online_News

<zawgyi>
ငပုတောမြို့နယ်တွင် ရွာသား ၁၂၀ ဦး အစာအဆိပ်သင့်
Tuesday ,December 24 , 2019

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ မနေ့က ကျေးရွာသား အယောက် ၁၂၀ ခေါက်ဆွဲကြော်စားပြီးနောက် အစာအဆိပ်သင့်ခဲ့တာကြောင့် ဆေးရုံပို့လိုက်ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ အစာအဆိပ်သင့်မှုသည် ပိုးသတ်ဆေး အလွန် အကျွံသုံးစွဲထားတဲ့ ဂေါ်ဖီထုပ်ကို ရေစင်ကြယ်အောင်မဆေးဘဲ ချက်ပြုတ်စားသုံးမိတာကြောင့်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်က ငပုတောမြို့နယ် အုတ်ရှစ် ကလေးကျေးရွာ က မသန်းသန်းဦးရဲ့ နေအိမ်မှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ကျွေးမွေး လှူဒါန်းတဲ့ ကြက်သား၊ ဂေါ်ဖီ၊ မုန်လာဥတို့နဲ့ ရောနှောထားတဲ့ ခေါက်ဆွဲကြော်ကို စားသုံးရာမှာ အမျိုးသား ၆၀ ဦးနဲ့ အမျိုးသမီး ၆၀ ဦး အော့အန်တာပြီး ငပုတောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရတာပါ။
Source- MHAM #Myanmar_Online_News

0 comments:

Post a Comment