အေးမြဖြူကတော့ Myanmar idol(Season-4) Winner ဆုနဲ့ လွဲခဲ့ရပါတယ်။ ဒါပေမယ့် winner ဆုရှင်ကို မိန်းကလေးဖြစ်စေချင်တဲ့ သူမရဲ့ ဆန္ဒတွေကတော့ ပြည့်ဝခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ မအက်စတာ winner ရသွားတာ အရမ်းပျော်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမီးလည်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးတယ်။ ဒီနှစ်တော့ မိန်းကလေး winner ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒမှာ မ အက်စတာ ရသွားတာ ပိုဝမ်းသာတယ်။ သူလည်းအရမ်းပျော်နေမှာပါ။ သူလည်း တကယ် ရချင်ပါတယ်” လို့ ဝမ်းသာအားရနဲ့ ပြောပြခဲ့ပါတယ်။
Myanmar idol(Season-4) ရဲ့ Winner Song ကိုတော့ အက်စတာ တစ်ဦးတည်းသာ အပိုင်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အက်စတာဟာ ဘန်ဂျမင် နဲ့ အေးမြဖြူတို့ကိုလည်း ပေးဆိုတယ် လို့ သိရပါတယ်။ အက်စတာ့ရဲ့ စေတနာတွေအတွက် ဝမ်းသာတယ်လို့ အေးမြဖြူက ပြောပါတယ်။
“ မအက်စတာက winner song ကိုလည်း သမီးတို့ကို ပေးဆိုလို့ အရမ်းဝမ်းသာတယ်။ ဒီသီချင်းဟာ သူငယ်ချင်းတွေကို ကိုယ်စားပြုသလိုပဲ အားလုံးကလည်း အတူတူပေးဆိုမယ်လို့ အမြဲတမ်းပြောလေ့ရှိပါတယ်။ သမီးကတော့ ပညာရေးနဲ့အတူ အနုပညာအလုပ်တွေ ဆက်ပြီးတော့ လုပ်သွားမယ်။ အခုဆိုရင် ပရိသတ်တွေလည်း ထပ်ပြီးတော့ ရနေပြီ။ ငယ်ငယ်ကတည်းက အားပေးတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတော့ သမီးကို ဆက်လက် အားပေးကြပါလို့ ပြောချင်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက Myanmar idol (Season-4) Final ပြိုင်ပွဲကြီးအပြီးမှာ ဖြေဆိုခဲ့တာပါ။
သူမဟာ ငယ်စဉ်ကတည်းက သီချင်းတွေလည်း ဆိုခဲ့တဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမကို အခုချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ အေးမြဖြူလေးကတော့ Myanmar Idol ပြိုင်ပွဲမှာ Winner ဆုမရရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးကပရိသတ်တွေပေးတဲ့ Winner ဆုရရှိခဲ့သူလေးပါပဲနော်။

Source- duwun #Myanmar_Online_News
<zawgyi>
Winner ဆုမရရှိခဲ့ပေမယ့် ပရိသတ်တွေပေးတဲ့ Winner ဆုရရှိခဲ့သူလေး အေးမြဖြူ
Sunday , December 29 , 2019

No comments:
Post a Comment