ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ်တွင် လုပ်ဆောင်ခဲ့သော အမေရိကန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုတစ်ခုအတွင်း အီရန် တော်လှန်ရေး အစောင့်တပ်၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး Qasem Soleimani အား သမ္မတ ထရမ့်၏ ညွန်ကြားချက်နှင့်အတူ အမေရိကန်စစ်တပ်က သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က အတည်ပြုသွားခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးမှုကြောင့် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ မြင့်တက်လာဖွယ် ရှိနေပြီး အီရန်ဘက်ကလည်း အမေရိကန်နှင့် အစ္စရေးတို့အပေါ် လက်တုန့်ပြန်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani သည် အီရတ်နှင့် ဒေသတစ်ဝန်းရှိ အမေရိကန် သံတမန်များနှင့် အမှုထမ်းများကို တိုက်ခိုက်မည့် အစီအစဉ်များကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့သူဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။
<zawgyi>
အမေရိကန်တို့၏တိုက်ခိုက်မှုကြောင့် အီရန် ဗိုလ်ချုပ်ကြီး သေဆုံး
Friday, January 3, 2020
ဇန်နဝါရီ ၃ ရက်က ဘဂ္ဂဒက် နိုင်ငံတကာ လေဆိပ်တွင် လုပ်ဆောင်ခဲ့သော အမေရိကန်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုတစ်ခုအတွင်း အီရန် တော်လှန်ရေး အစောင့်တပ်၏ ထိပ်တန်း ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး Qasem Soleimani အား သမ္မတ ထရမ့်၏ ညွန်ကြားချက်နှင့်အတူ အမေရိကန်စစ်တပ်က သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်က အတည်ပြုသွားခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani သေဆုံးမှုကြောင့် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ မြင့်တက်လာဖွယ် ရှိနေပြီး အီရန်ဘက်ကလည်း အမေရိကန်နှင့် အစ္စရေးတို့အပေါ် လက်တုန့်ပြန်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
အီရန် ဗိုလ်ချုပ်ကြီး Qasem Soleimani သည် အီရတ်နှင့် ဒေသတစ်ဝန်းရှိ အမေရိကန် သံတမန်များနှင့် အမှုထမ်းများကို တိုက်ခိုက်မည့် အစီအစဉ်များကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့သူဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။
Source- AP #Myanmar_Online_News
No comments:
Post a Comment