Thursday, January 30, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် လာအိုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်

Image may contain: 2 people, people standing, outdoor and nature
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းတွင် တစ်ဘက်နိုင်ငံ လာအိုမှ ဝင်လာသူများအား ကျန်းမာရေးဦးစီးဌာနက ဝူဟန်အဆုတ်ရောင် သံသယဖြစ်ဖွယ်များကို စစ်ဆေးလျှက်ရှိပြီး နှစ်ရက်အတွင်း လူဦးရေစုစုပေါင်း (၆၈၉) ဦးကို စစ်ဆေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ (၂၆)ရက်‌နေ့ကတွေ့ရှိခဲ့၍ ကာစီနိုဝန်းအတွင်း အဝင်အထွက် တင်းကြပ်စိစစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ပြန်ခွင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
" လာအိုဘက်မှာ အလုပ်တွေ တစ်လလောက် နားမယ်လို့ ပြောလို့ ပြန်လာကြတာ။ ဒီဖက်ကတော့ လက်မှတ်လုပ်ပေးတယ်။ ဟိုဘက်က အဝင်ကိုမခံတော့တာ။ အခုဟာက အပြန်ပဲရှိတယ်” ဟု မိုင်ဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဦးရဲမြင့်ဦးက ပြောသည်။
Image may contain: 1 person, standing, sky, outdoor and nature
Image may contain: sky, boat, ocean, cloud, outdoor, water and nature
Source- တာချီလိတ်သတင်း #Myanmar_Online_News
>>Zawgyi<<
ဝူဟန်ဗိုင်းရပ်စ်ကြောင့် လာအိုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်
Thursday ,January 30 , 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းတွင် တစ်ဘက်နိုင်ငံ လာအိုမှ ဝင်လာသူများအား ကျန်းမာရေးဦးစီးဌာနက ဝူဟန်အဆုတ်ရောင် သံသယဖြစ်ဖွယ်များကို စစ်ဆေးလျှက်ရှိပြီး နှစ်ရက်အတွင်း လူဦးရေစုစုပေါင်း (၆၈၉) ဦးကို စစ်ဆေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာအလုပ်သမားများ အလုပ်လုပ် ကိုင်နေသည့် ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ (၂၆)ရက်‌နေ့ကတွေ့ရှိခဲ့၍ ကာစီနိုဝန်းအတွင်း အဝင်အထွက် တင်းကြပ်စိစစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ပြန်ခွင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
" လာအိုဘက်မှာ အလုပ်တွေ တစ်လလောက် နားမယ်လို့ ပြောလို့ ပြန်လာကြတာ။ ဒီဖက်ကတော့ လက်မှတ်လုပ်ပေးတယ်။ ဟိုဘက်က အဝင်ကိုမခံတော့တာ။ အခုဟာက အပြန်ပဲရှိတယ်” ဟု မိုင်ဖုန်း(က) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဦးရဲမြင့်ဦးက ပြောသည်။
Source- တာချီလိတ်သတင်း #Myanmar_Online_News

No comments:

Post a Comment