နေဝင်းနဲ့ အိမ့်ချစ်ချောဟာဆိုရင် ချစ်သူသက်တမ်းဆယ်နှစ်ကျော်လာပြီဖြစ်တဲ့ စုံတွဲလေးဖြစ်ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေဝိုင်းပြီးအားကျတာခံနေရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။ နေဝင်းက အိမ့်ချစ်ချောကို အရိပ်တကြည့်ကြည့်နဲ့ အစွမ်းကုန်သည်းခံအလိုလိုက်တာလေးတွေကလည်း ကောင်မလေးတွေအားကျရဆုံးအချက်တစ်ချက်ဆိုရင် မမှားပါဘူး။
မကြာသေးမီကမှ နေဝင်းက အိမ့်ချစ်ချောကို New Year Night Show ပွဲမှာ ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခွင့်တောင်းခဲ့တာကလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေကို အားကျသွားစေခဲ့ပါတယ်။ မီဒီယာတွေနဲ့ အင်တာဗျူးမှာ နေဝင်းနဲ့အိမ့်ချစ်ချောက မင်္ဂလာပွဲအစီအစဉ်လေးတွေကို ပြောပြလာခဲ့ပါတယ်။
မင်္ဂလာဆောင်မယ့် ရက်နဲ့ပတ်သက်ပြီး နေဝင်းက “မင်္ဂလာပွဲက ကျွန်တော်တို့ အခုမှ သူလည်းမသိဘူးလေ ရှင်းရှင်းပြောရင်တော့ ရက်မရွေးရသေးဘူး။ အခုမှ ကျွန်တော်တို့ အဲဒါလေးကို ကြည်နူးပြီးတော့ ပျော်တုန်းရှိသေးတယ်။ ရက်တော့မသိသေးဘူး။ အကြမ်းဖျင်းလောက်တော့ အရင်ထဲက စိတ်ကူးထားတာလေးတွေရှိတယ်။ ကျွန်တော်တို့ သင်္ကြန်အပြီးပေါ့နော်။ လေးလပိုင်းထဲမှာ ဖြစ်ဖို့များတယ်”လို့ ပြောပြထားပါတယ်။
အိမ့်ချစ်ချောကတော့ မင်္ဂလာဆောင်မှာ မြင်းဖြူကြီးစီးချင်တဲ့အကြောင်း “ချောကတော့ ပြောထားတာ တစ်ခုပဲရှိတယ်။ မင်္ဂလာဆောင်ကျရင် မြင်းဖြူကြီးစီးချင်တယ်လို့ ကျန်တာကတော့ ဟိုလိုမျိုးကြီး ဘယ်လိုလုပ်မှ ဘာညာမရှိပါဘူး။ ငယ်ငယ်ထဲက ကြည့်ထားတာ၊ ကာတွန်းကားတွေ ဘာညာပေါ့။ မင်းသမီးတွေ။ ဒါပေမယ့် ကြီးလာတဲ့အခါမှာလည်း မြင်းဖြူကြီးစီးပြီး ဂါဝန်လေးနဲ့ ထွက်ချင်တာပေါ့။ ငယ်ငယ်ထဲက အဲ့လိုစိတ်ကူးလေးရှိပါတယ်”လို့ ပြောထားပြီး နေဝင်းက ချစ်သူလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ့်အကြောင်း “ဒါကတော့ မြင်းဖြူရှိရင်ပေါ့ မြင်းဖြူမရှိရင်တော့ ထုံးသုတ်စရာရှိရင်လည်း သုတ်ရမှာပေါ့”လို့ ရယ်မောရင်းပြောပြထားပါတယ်။
Pre-wedding ရိုက်မယ့်အကြောင်းကိုလည်း ချောက “စိတ်ကူးထားပါတယ်။ ဟိုလို ထွေထွေထူးထူးတော့မဟုတ်ဘူးပေါ့နော်။ ညီမသွားနေတဲ့ ခရီးတွေ ရေးနေတာပဲ။ လှတဲ့နေရာလေးတွေလည်း ကိုယ်သိတာကိုး အဲ့တော့ ရိုက်မယ်ပေ့ါနော်”လို့ ပြောထားပြီး နေဝင်းက “ကျွန်တော်တို့ ပုံမှန်လူတွေလိုပါပဲ အဓိကက ကျွန်တော်တို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနားဖြစ်ချင်တာထက် အမှတ်တရလေးဖြစ်ရင်ရပြီ။ ပြီးတော့ အဲဒီက ကုန်မယ့်ပိုက်ဆံကို ကျွန်တော်တို့ နှစ်ယောက် ခရီးတွေသွားမယ် အဲလိုမျိုးပေါ့။ အေးဆေးပါပဲ။ ပေါ့ပေါ့ပါးပါးပဲ”လို့ ဖြေကြားထားပါတယ်။
<zawgyi>
မကြာခင်မြင်တွေ့ရတော့မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ မင်္ဂလာပွဲ
Friday, January 3, 2020

#Myanmar_Online_News #နေဝင်း #အိမ့်ချစ်ချော

0 comments:
Post a Comment