Friday, January 31, 2020

ရန်ကုန်လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသည့် လေယာဉ်ပေါ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးသာ ခေါ်ထားပြီး ကျန်ခရီးသည်များအား ပြန်လည်ထွက်ခွာသွားပြီဖြစ်

Image may contain: airplaneNo photo description available.

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လိုက်ပါလာသည့် လေယာဉ်ပေါ်ရှိ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ခေါ်ယူထား မည်ဖြစ်ပြီး ကျန်ခရီးသည်များအား ယင်းလေယာဉ်ဖြင့် ညနေ၃နာရီ ၄၅ မိနစ် အချိန်တွင် ပြန်လည်စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက် ရောက် လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် လေယာဉ်အမှုထမ်း ခုနစ်ဦး၊ ခရီးသည် မြန်မာနိုင်ငံသားနှစ်ဦး၊ နိုင်ငံခြားသား ၇၇ ဦး (အမေရိကန်နိုင်ငံသားနှစ်ဦး၊ ပြင်သစ်နိုင်ငံသားနှစ်ဦး၊ ကိုလံဘီယာ နိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦး) ပေါင်း ၇၉ ဦးတို့အနက် တရုတ်နိုင်ငံသား ခရီးသည် တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
အဆိုပါလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တရုတ်လူမျိုး သံသယရှိလူနာအား ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
>>Zawgyi<<
Friday , January 31 , 2020
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လိုက်ပါလာသည့် လေယာဉ်ပေါ်ရှိ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ခေါ်ယူထား မည်ဖြစ်ပြီး ကျန်ခရီးသည်များအား ယင်းလေယာဉ်ဖြင့် ပြန်လည် စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက် ရောက် လာသည့် China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055၊ လေယာဉ် အမျိုးအစား A-319၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် လေယာဉ်အမှုထမ်း ခုနစ်ဦး၊ ခရီးသည် မြန်မာနိုင်ငံသားနှစ်ဦး၊ နိုင်ငံခြားသား ၇၇ ဦး (အမေရိကန်နိုင်ငံသားနှစ်ဦး၊ ပြင်သစ်နိုင်ငံသားနှစ်ဦး၊ ကိုလံဘီယာ နိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသား ၇၂ ဦး) ပေါင်း ၇၉ ဦးတို့အနက် တရုတ်နိုင်ငံသား ခရီးသည် တစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
အဆိုပါ သံသယလူနာကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
#Myanmar_Online_News

No comments:

Post a Comment