Thursday, January 2, 2020

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုး ရောင်းချပေးသွားမည်

Image may contain: one or more people

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်သုံးမျိုး အား ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်(မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ပြာသိုလဆန်း ၁ဝ ရက်) စနေနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော် စာတိုက်ကြီးများ၌ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
Image may contain: text

<zawgyi>
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် သုံးမျိုး ရောင်းချပေးသွားမည်
Friday, January 3, 2020

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ၂ဝဝ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်သုံးမျိုး အား ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်(မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ပြာသိုလဆန်း ၁ဝ ရက်) စနေနေ့ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့တော် စာတိုက်ကြီးများ၌ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဇန်နဝါရီ ၄ ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
#Myanmar_Online_News

No comments:

Post a Comment