Thursday, January 2, 2020

မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒက်ရှ်က တပ်အင်အား အခိုင်အမာအင်အားဖြည့်တင်းနေပြီး ကုန်းတွင်းပိုင်း နယ်စပ်တစ်လျှောက် လမ်းဖောက်လုပ်ခြင်း စတင်

No photo description available.

မြန်မာနိုင်ငံ ရခိုင်မြောက်ဖျားနယ်စပ်တစ်ဖက်ကမ်း ကော့ခ်ဘဇားတောင်ဖက်အနီး စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒက်ရှ်အစိုးရတာဝန်ရှိသူတို့နှင့် နယ်ခြားစောင့်တပ် ( BGB ) တို့က အခိုင်အမာ အင်အားဖြည့်တင်းလျှက်ရှိရာ တင့်ကားပစ်ဒုံးကျည်စံနစ် ၁၄-ခုနှင့် ဘက်စုံသုံး အမြန်သွား စက်သေနတ်တင်ရေယာဉ်များ ပါဝင်ကြောင်း BGB က ကြာသပတေးနေ့တွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဒါကာမြို့ သတင်းစာတွေ့ဆုံပွဲတွင် ဘင်္ဂလားဒက်ရှ်ပြည်ထဲရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူများ၏ ပြောဆိုချက်အရ မြန်မာ-ဘင်္ဂလားဒက်ရှ်နယ်စပ်တစ်လျှောက် ကုန်းလမ်းဖောက်လုပ်ခြင်း စတင်မည်ဖြစ်ပြီး ဘင်္ဂလားဒက်ရှ်ကလည်း နယ်စပ်ခြံစည်းရိုးကာရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
လွန်ခဲ့သည့် နိုဝင်ဘာ ၁၄ မှ ၁၈ ရက်နေ့အတွင်း ဘင်္ဂလားဒက်ရှ်နယ်ခြားစောင့်တပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ရှဖီနူးအစ္စလာမ်နှင့် အခြား အဖွဲ့ဝင် ၃-ဦးတို့က ၎င်းတို့ လက်ခံရရှိသော Corsar တင့်ကား ပစ်ဒုံးကျည်စံနစ်ကို ကျည်အစစ်ဖြင့် ပစ်ခတ်စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း၊ လက်ခံရယူခြင်းကို ဆက်လက်၍ ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ BGB အနေဖြင့် မြန်မာနယ်စပ် ဘင်္ဂလားဒက်ရှ်ရေပြင်ပိုင်နက်တစ်လျှောက် အချိန်ပြည့် စောင့်ကြပ်ရန် ခေတ်မီရေယာဉ်များ ဖြန့်ချထားပြီးဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီ ၅-ရက်မှ ၉ ရက်နေ့အတွင်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ BGP နှင့် နှစ်နိုင်ငံ ထိပ်တန်းအရာရှိကြီးများအဆင့် ဆွေးနွေးရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ဘင်္ဂလားဒက်ရှ်ပြည်ထဲရေး ဝန်ကြီးဋ္ဌာနက ပြောဆိုသည်။
ယူအေအီးအခြေစိုက် Gulf Craft မှ ထုတ်လုပ်သော အမြန်သွားရေယာဉ် ၄-စင်းကို ဘင်္ဂလားဒက်ရှ်က လက်ခံရရှိခဲ့သည်ဆို၏။ ၎င်းတို့အနက် အနည်းဆုံး ၂-စီးကို စက်သေနတ်တပ်ဆင်လျှက် ဘင်္ဂလားပင်လယ်အော်မှ တက္ကနဖ်-ကော့ခ်ဘဇားဝင်ပေါက် နှစ်နိုင်ငံနယ်ခြား နတ်မြစ်အတွင်း တာဝန်ချမည်ဖြစ်သည်။
ဘင်္ဂလားဒက်ရှ်အစိုးရသည် ၂၀၁၉-ခုနှစ် ဧပြီလတွင် စိန့်မာတင်ကျွန်း၌ BGB နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို တပ်ချထားစေခဲ့ရာ ၂၂-နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုနိုင်သည်။ လက်နက်ကြီးများ တပ်ဆင်ထားသည့် ၎င်းတပ်ဖွဲ့ဝင်များတွင် ဘင်္ဂလားဒက်ရှ်ကမ်းခြေစောင့်တပ်ဖြင့် အင်အားဖြည့်တင်းထားကြောင်း၊ အဆိုပါနယ်မြေ၌ ထိုသို့ တပ်အင်အားချထားရခြင်းမှာ မြန်မာတို့က ဘင်္ဂလားဒက်ရှ်အား တစ်စုံတစ်ရာ အသိပေးခြင်းမရှိပဲ နတ်မြစ်တစ်ဖက်ကမ်း ၎င်းတို့ပိုင်နက်ခြမ်းတွင် သံမဏိအမိုးအကာ အဆောက်အအုံများ အခိုင်အမာ တည်ဆောက်လာ၍ဖြစ်ကြောင်း၊ ဘင်္ဂလားဒက်ရှ်အနေဖြင့် မြန်မာနိုင်ငံနှင့် ယုံကြည်စိတ်ချမှု့ကို ပြသရန် ကြိုးစားလျှက်ရှိသည်ဟု သတင်းစာတွေ့ဆုံပွဲတက်ရောက်သော အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
Source- HtayOung #Myanmar_Online_News

<zawgyi>
မြန်မာနယ်စပ်အနီး စိန့်မာတင်ကျွန်းတွင် ဘင်္ဂလားဒက်ရှ်က တပ်အင်အား အခိုင်အမာအင်အားဖြည့်တင်းနေပြီး ကုန်းတွင်းပိုင်း နယ်စပ်တစ်လျှောက် လမ်းဖောက်လုပ်ခြင်း စတင်
Friday, January 3, 2020

No comments:

Post a Comment