
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂ ရက်နေ့ နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမနှင့်ပန်းတော - အ.မ.က(မူလွန်) ကျောင်းတို့တွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်း နှင့်ပန်းချီဆရာဦးဇော်သန့် တို့က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းများ၊ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်အမှတ်ပေးစည်းမျဉ်း စည်းကမ်း များကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲအားကျင်းပရာ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံ ပညာစာသင်ကျောင်းများမှ အထက်တန်း၊အလယ်တန်း၊မူလတန်းကျောင်းသား၊ကျောင်းသူ (၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပထမ၊ဒုတိယ၊တတိယ ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



Source:သရက်ချောင်း(ပြန်/ဆက်) #Myanmar_Online-News
No comments:
Post a Comment