ဇန်နဝါရီလ(၂)ရက်နေ့မှာ ကြားသိခဲ့ရတဲ့ အကယ်ဒမီများဆုရှင် မင်းသမီးကြီး မေသန်းနုရဲ့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ် (၁) နှစ်ကျမှတ်ခံရတယ်လို့ သတင်းကြားခဲ့ရတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဇင်ရော်မောင်မောင်မှ လက်ရှိမှာ ဇနီးဖြစ်သူအတွက် သူရောသားဖြစ်သူပါ ရင်နှင့်အမျှခံစားနေရတာကြောင့် အချိန်တန်မှသာ မီဒီယာများနှင့်တွေ့ဆုံကာ အကြောင်းစုံကို ပြောပြပေးသွားမည်ဖြစ်ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ကာ မေတ္တာရပ်ခံပြောသွားခဲ့ပါတယ်။
အကယ်ဒမီဆုကြီးများစွာကိုသိမ်းပိုင်နိုင်ခဲ့တဲ့ မင်းသမီးကြီးတစ်ဦးအနေနဲ့ ဒီသတင်းကတော့ ပရိသတ်တွေအတွက် တအံံ့တသြဖြစ်ကြမယ်ဆိုလည်းမမှားပါဘူးနော်။ ပရိသတ်တွေသာမကပဲ အတူတူလုပ်ကိုင်ခဲ့တဲ့ အနုပညာရှင်ညီအစ်ကို မောင်နှမများပါ မယုံနိုင်ဖြစ်သွားခဲ့ပြီး အတူတူအမြဲအလုပ်တွဲလုပ်ဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်မှ “စိတ်မကောင်းဘူး အမြန်အဆင်ပြေပါစေ”ဆိုတဲ့ ပိုစ့်လေးရေးတင်ခဲ့ပါတယ်..။ ပိုစ့်ရဲ့အောက်မှာ တင်ဇာမော်၊ခိုင်သင်းကြည်နဲ့ စိုးမိုးကြည်တို့မှ မင်းသမီးကြီးအတွက် စိတ်မကောင်းဖြစ်ကာ အစစအရာရာအမြန်အဆင်ပြေစေဖို့ကို ဆုတောင်းစကားလေးတွေရေးသွားခဲ့ပါတယ်…။
မင်းသမီးနဒီဝင့်နိုင်မှာလည်း စိတ်သဘောထားကောင်းတဲ့ မေသန်းနုရဲ့ သတင်းကြောင့် မယုံနိုင်ဖြစ်ကာ “စိတ်မကောင်းလိုက်တာရင်ထဲကိုဆို့နင့်နေတာပဲသတင်ကြားတာမယုံနိုင်ဘူး..။ ဒီညနေလေးနာရီကမှအန်တီဆင့်နဲ့ဖုန်းပြောဖြစ်သေးတယ် စိတ်ကောင်းရှိပြီးချစ်စရာအရမ်းကောင်းတဲ့အန်တီဆင့် ခက်ခဲတဲ့အခြေနေကနေအမြန်ဆုံးကျော်လွှားနိူင်ပါစေ” ဆိုတဲ့ ပိုစ့်လေးကို ရေးတင်လာခဲ့ပါတယ်နော်…။ ရိုးရိုးရှင်းရှင်းနဲ့ အမြဲလှနေပြီး စိတ်ထားကောင်းတဲ့ မင်းသမီးကြီး မေသန်းနုဖြစ်သွားတဲ့ကိစ္စဟာ ပရိသတ်တွေသာမက အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ဂယက်တစ်ခုဖြစ်စေခဲ့မှာပါ။

Credit - cele #Myanmar_Online_News
<zawgyi>
အကယ်ဒမီများဆုရှင် မေသန်းနု သတင်းကြောင့် စိုးရိမ်နေကြတဲ့ အနုပညာရှင်များ
Friday, January 3, 2020
ဇန်နဝါရီလ(၂)ရက်နေ့မှာ ကြားသိခဲ့ရတဲ့ အကယ်ဒမီများဆုရှင် မင်းသမီးကြီး မေသန်းနုရဲ့ ငွေကြေးလိမ်လည်မှုနဲ့ ထောင်ဒဏ်(၁) နှစ်ကျမှတ်ခံရတယ်လို့ သတင်းကြားခဲ့ရတာဖြစ်ပြီး ခင်ပွန်းဖြစ်သူ ဇင်ရော်မောင်မောင်မှ လက်ရှိမှာ ဇနီးဖြစ်သူအတွက် သူရောသားဖြစ်သူပါ ရင်နှင့်အမျှခံစားနေရတာကြောင့် အချိန်တန်မှသာ မီဒီယာများနှင့်တွေ့ဆုံကာ အကြောင်းစုံကို ပြောပြပေးသွားမည်ဖြစ်ကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ကာ မေတ္တာရပ်ခံပြောသွားခဲ့ပါတယ်..။
အကယ်ဒမီဆုကြီးများစွာကိုသိမ်းပိုင်နိုင်ခဲ့တဲ့ မင်းသမီးကြီးတစ်ဦးအနေနဲ့ ဒီသတင်းကတော့ ပရိသတ်တွေအတွက် တအံံ့တသြဖြစ်ကြမယ်ဆိုလည်းမမှားပါဘူးနော်။ ပရိသတ်တွေသာမကပဲ အတူတူလုပ်ကိုင်ခဲ့တဲ့ အနုပညာရှင်ညီအစ်ကို မောင်နှမများပါ မယုံနိုင်ဖြစ်သွားခဲ့ပြီး အတူတူအမြဲအလုပ်တွဲလုပ်ဖြစ်တဲ့ အကယ်ဒမီများရှင် ရန်အောင်မှ “စိတ်မကောင်းဘူး အမြန်အဆင်ပြေပါစေ”ဆိုတဲ့ ပိုစ့်လေးရေးတင်ခဲ့ပါတယ်..။ ပိုစ့်ရဲ့အောက်မှာ တင်ဇာမော်၊ခိုင်သင်းကြည်နဲ့ စိုးမိုးကြည်တို့မှ မင်းသမီးကြီးအတွက် စိတ်မကောင်းဖြစ်ကာ အစစအရာရာအမြန်အဆင်ပြေစေဖို့ကို ဆုတောင်းစကားလေးတွေရေးသွားခဲ့ပါတယ်…။
မင်းသမီးနဒီဝင့်နိုင်မှာလည်း စိတ်သဘောထားကောင်းတဲ့ မေသန်းနုရဲ့ သတင်းကြောင့် မယုံနိုင်ဖြစ်ကာ “စိတ်မကောင်းလိုက်တာရင်ထဲကိုဆို့နင့်နေတာပဲသတင်ကြားတာမယုံနိုင်ဘူး..။ ဒီညနေလေးနာရီကမှအန်တီဆင့်နဲ့ဖုန်းပြောဖြစ်သေးတယ် စိတ်ကောင်းရှိပြီးချစ်စရာအရမ်းကောင်းတဲ့အန်တီဆင့် ခက်ခဲတဲ့အခြေနေကနေအမြန်ဆုံးကျော်လွှားနိူင်ပါစေ” ဆိုတဲ့ ပိုစ့်လေးကို ရေးတင်လာခဲ့ပါတယ်နော်…။ ရိုးရိုးရှင်းရှင်းနဲ့ အမြဲလှနေပြီး စိတ်ထားကောင်းတဲ့ မင်းသမီးကြီး မေသန်းနုဖြစ်သွားတဲ့ကိစ္စဟာ ပရိသတ်တွေသာမက အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ဂယက်တစ်ခုဖြစ်စေခဲ့မှာပါ။
Credit - cele #Myanmar_Online_News
No comments:
Post a Comment