(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြကွင်း၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ တက်ရောက်ကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့် အတူ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း တို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့သည်။
<zawgyi>
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနား ကျင်းပ
Sunday, January 5, 2020
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝင်း အတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြကွင်း၌ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ တက်ရောက်ကြပြီး အခမ်းအနား တက်ရောက်လာကြသူများနှင့် အတူ နိုင်ငံတော်အလံ အလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း တို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့သည်။
#Myanmar_Online_News #လွတ်လပ်ရေးနေ့

0 comments:
Post a Comment