လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင် Khalifa Haftar ကို ထောက်ခံသော ပြည်ပလေတပ်က ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရ စစ်တပ်က လူမှုကွန်ရက်မီဒီယာတွင် အချင်းဖြစ်နေရာ၌ သွေးစိမ်းရွှင်ရွှင်ဖြစ်နေပုံ လူများမြေပြင်ပေါ်တွင် အတုံးအရုံးဖြစ်လဲနေပုံနှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ ရပ်နားထားပုံများကို တင်ထားကြောင်း သိရသည်။ လက်ရှိတွင် လစ်ဗျားအမျိုးသားတပ်မတော်က အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တုန့်ပြန်မှုမရှိသေးကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဧပြီလတွင် လစ်ဗျားအမျိုးသားတပ်မတော်က ထရီပိုလီကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ၎င်းမြို့ကို ထိန်းချုပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတပ်နှင့်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် Khalifa Haftar က အမျိုးသားတပ်မတော်၏ ထရီပိုလီကို သိမ်းပိုက်မည့်စစ်ဆင်ရေး နောက်ဆုံးအခြေအနေရှိပြီဟု ပြောကြားခဲ့ကြောင်း သိရသည်။
<zawgyi>
လစ်ဗျားနိုင်ငံရှိ စစ်အကယ်ဒမီကျောင်းတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး ကျောင်းသား ၂၈ ဦး သေဆုံး
Sunday, January 5, 2020
လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီရှိ စစ်အကယ်ဒမီကျောင်းတစ်ခု ဇန်နဝါရီ ၄ ရက်က လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၂၈ ဦးသေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရခဲ့သည်ဟု လစ်ဗျား အမျိုးသား ညီညွတ်ရေးအစိုးရ စစ်တပ်က အချင်းပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို လစ်ဗျားအမျိုးသားတပ်မတော်ခေါင်းဆောင် Khalifa Haftar ကို ထောက်ခံသော ပြည်ပလေတပ်က ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
လစ်ဗျား အမျိုးသားညီညွတ်ရေးအစိုးရ စစ်တပ်က လူမှုကွန်ရက်မီဒီယာတွင် အချင်းဖြစ်နေရာ၌ သွေးစိမ်းရွှင်ရွှင်ဖြစ်နေပုံ လူများမြေပြင်ပေါ်တွင် အတုံးအရုံးဖြစ်လဲနေပုံနှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်များ ရပ်နားထားပုံများကို တင်ထားကြောင်း သိရသည်။ လက်ရှိတွင် လစ်ဗျားအမျိုးသားတပ်မတော်က အဆိုပါတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တုန့်ပြန်မှုမရှိသေးကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဧပြီလတွင် လစ်ဗျားအမျိုးသားတပ်မတော်က ထရီပိုလီကို စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာပြီး ၎င်းမြို့ကို ထိန်းချုပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတပ်နှင့်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် Khalifa Haftar က အမျိုးသားတပ်မတော်၏ ထရီပိုလီကို သိမ်းပိုက်မည့်စစ်ဆင်ရေး နောက်ဆုံးအခြေအနေရှိပြီဟု ပြောကြားခဲ့ကြောင်း သိရသည်။
Source- Xinhua #Myanmar_Online_News

0 comments:
Post a Comment