Wednesday, January 1, 2020

CNN မှထုတ်ပြန်သည့် ၂၀၁၉ ထင်ရှားလူငယ် (၅)ဦးစားရင်းတွင် မြန်မာလူငယ်တစ်ဦးပါဝင်ခဲ့

Image may contain: 5 people, people smiling, text

CNN သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းထုတ်ပြန်ခဲ့တဲ့ (၂ဝ၁၉) ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့အစည်းတွေရဲ့ အပြောင်း အလဲကို ဝိုင်းတွန်းကြတဲ့ လူငယ်တွေထဲက ထင်ရှားတဲ့ လူငယ် ငါးယောက်စာရင်းမှာ မြန်မာနိုင်ငံက အသက်(၂၄)နှစ်အရွယ် ကိုရဲဝေဖြိုးအောင်လည်းပါဝင်ခဲ့ပါတယ်။ အသံ အဖွဲ့ ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲဝေဖြိူးအောင် ဟာ လူအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွေအတွက် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို အဲဒီကဏ္ဏတွေအတွက် သုတေသနပြုလုပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုရဲဝေဖြိူးအောင်ကတော့ အခုလို အသိမှတ်ပြုခံရတဲ့အတွက် အံ့ဩမိသလို ဝမ်းသာရတယ်လို့ ပြောပါတယ်။

လာမယ့် (၂၀၂၀)ပြည့်နှစ်မှာ လူအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွေအတွက် ပိုပြီးလုပ်သွားဖို့ ရှိတယ်လို့ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။ CNN သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ (၂ဝ၁၉)ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့ အစည်းတွေရဲ့အပြောင်းအလဲကို အားတက်သရောဝိုင်းတွန်းကြတဲ့ လူငယ်စာရင်းမှာ အမျိုးသားအနေနဲ့ ကိုရဲဝေဖြိူးအောင် တစ်ယောက်ပဲပါဝင်ပြီး ကျန်(၄)ယောက်ကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။သူတို့ကတော့ ထိုင်ဝမ်နိုင်ငံက အသက်(၂၄) အရွယ် ဝမ်ယုချင်း၊ ဟောင်ကောင်က ဂျိုစလင်းချောင်၊ အိန္ဒိယနိုင်ငံက ရစ်ဒီမာပန်ဒေးနဲ့ တောင်ကိုရီးယားကအသက် (၂၂) အရွယ် ဂျီဟေယန်းတို့ ဖြစ်ပါတယ်။
Image may contain: 1 person, text
Ref ; One News Myanmar
<zawgyi>
CNN မှထုတ်ပြန်သည့် ၂၀၁၉ ထင်ရှားလူငယ် (၅)ဦးစားရင်းတွင် မြန်မာလူငယ်တစ်ဦးပါဝင်ခဲ့
Wednesday , January 1 , 2020

CNN သတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းထုတ်ပြန်ခဲ့တဲ့ (၂ဝ၁၉) ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့အစည်းတွေရဲ့ အပြောင်း အလဲကို ဝိုင်းတွန်းကြတဲ့ လူငယ်တွေထဲက ထင်ရှားတဲ့ လူငယ် ငါးယောက်စာရင်းမှာ မြန်မာနိုင်ငံက အသက်(၂၄)နှစ်အရွယ် ကိုရဲဝေဖြိုးအောင်လည်းပါဝင်ခဲ့ပါတယ်။ အသံ အဖွဲ့ ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုရဲဝေဖြိူးအောင် ဟာ လူအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွေအတွက် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို အဲဒီကဏ္ဏတွေအတွက် သုတေသနပြုလုပ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ကိုရဲဝေဖြိူးအောင်ကတော့ အခုလို အသိမှတ်ပြုခံရတဲ့အတွက် အံ့ဩမိသလို ဝမ်းသာရတယ်လို့ ပြောပါတယ်။
လာမယ့် (၂၀၂၀)ပြည့်နှစ်မှာ လူအခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွေအတွက် ပိုပြီးလုပ်သွားဖို့ ရှိတယ်လို့ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။ CNN သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ (၂ဝ၁၉)ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့ အစည်းတွေရဲ့အပြောင်းအလဲကို အားတက်သရောဝိုင်းတွန်းကြတဲ့ လူငယ်စာရင်းမှာ အမျိုးသားအနေနဲ့ ကိုရဲဝေဖြိူးအောင် တစ်ယောက်ပဲပါဝင်ပြီး ကျန်(၄)ယောက်ကတော့ အမျိုးသမီးတွေ ဖြစ်ပါတယ်။သူတို့ကတော့ ထိုင်ဝမ်နိုင်ငံက အသက်(၂၄) အရွယ် ဝမ်ယုချင်း၊ ဟောင်ကောင်က ဂျိုစလင်းချောင်၊ အိန္ဒိယနိုင်ငံက ရစ်ဒီမာပန်ဒေးနဲ့ တောင်ကိုရီးယားကအသက် (၂၂) အရွယ် ဂျီဟေယန်းတို့ ဖြစ်ပါတယ်။
Ref ; One News Myanmar

No comments:

Post a Comment