Thursday, January 30, 2020

ဝူဟန်မှ ပြန်လည်ခေါ်ဆောင်လာသည့် အမေရိကန်နိုင်ငံသား ၂၀၀ ခန့် Corona Virus ကင်းစင်ကြောင်း အတည်ပြု

Image may contain: 1 person, airplane, sky and outdoor
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အမေရိကန်နိုင်ငံသား ၂၀၀ ခန့် ကယ်ထုတ်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှာ ကယ်လီဖိုးနီးယား စစ်စခန်းဆီကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။
အဲဒီလို ကယ်ထုတ်ခဲ့သူ ၁၉၅ ဦးစလုံးမှာ ဗိုင်းရပ်စ် ကူးစက်မှု လက္ခဏာ မတွေ့ရပေမယ့် ၎င်းတို့အုပ်စုကို သီးခြားခွဲထားပြီး ၇၂ နာရီ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC မှ တာဝန်ရှိသူ နန်စီမက်ဆွန်နားက ပြောပါတယ်။

ဝူဟန်က အမေရိကန်နိုင်ငံသားတွေကို ဘိုးရင်း ၇၄၇ နဲ့ သွားရောက်ခေါ်ယူခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှာ ရေးဗားဆိုက်က မတ်အဲယားအရန်တပ်ရင်းစစ်စခန်းကို ရောက်ရှိလာခဲ့တာပါ။
အဲဒီ ဘိုးရင်း ၇၄၇ လေယာဉ် စစ်စခန်းက ပြေးလမ်းပေါ် ဘီးချတာနဲ့ ကယ်ထုတ်လာခဲ့တဲ့ ခရီးသည်တွေဟာ ဂုဏ်ယူဟစ်ကြွေးကြတယ်လို့ နန်စီမက်ဆွန်နားက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၇၀ ဦးထိရှိနေပြီး ရောဂါကူးစက်ခံထားရသူ ၇၈၉၄ ဦးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
Ref-Mizzima #Myanmar_Online_News
>>Zawgyi<<
ဝူဟန်မှ ပြန်လည်ခေါ်ဆောင်လာသည့် အမေရိကန်နိုင်ငံသား ၂၀၀ ခန့် Corona Virus ကင်းစင်ကြောင်း အတည်ပြု
Thursday ,January 30 , 2020
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အမေရိကန်နိုင်ငံသား ၂၀၀ ခန့် ကယ်ထုတ်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှာ ကယ်လီဖိုးနီးယား စစ်စခန်းဆီကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။
အဲဒီလို ကယ်ထုတ်ခဲ့သူ ၁၉၅ ဦးစလုံးမှာ ဗိုင်းရပ်စ် ကူးစက်မှု လက္ခဏာ မတွေ့ရပေမယ့် ၎င်းတို့အုပ်စုကို သီးခြားခွဲထားပြီး ၇၂ နာရီ စောင့်ကြည့်သွားမှာဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ CDC မှ တာဝန်ရှိသူ နန်စီမက်ဆွန်နားက ပြောပါတယ်။

ဝူဟန်က အမေရိကန်နိုင်ငံသားတွေကို ဘိုးရင်း ၇၄၇ နဲ့ သွားရောက်ခေါ်ယူခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းမှာ ရေးဗားဆိုက်က မတ်အဲယားအရန်တပ်ရင်းစစ်စခန်းကို ရောက်ရှိလာခဲ့တာပါ။
အဲဒီ ဘိုးရင်း ၇၄၇ လေယာဉ် စစ်စခန်းက ပြေးလမ်းပေါ် ဘီးချတာနဲ့ ကယ်ထုတ်လာခဲ့တဲ့ ခရီးသည်တွေဟာ ဂုဏ်ယူဟစ်ကြွေးကြတယ်လို့ နန်စီမက်ဆွန်နားက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၇၀ ဦးထိရှိနေပြီး ရောဂါကူးစက်ခံထားရသူ ၇၈၉၄ ဦးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
Ref-Mizzima #Myanmar_Online_News

No comments:

Post a Comment