Thursday, January 30, 2020

ကိုရိုနာဗိုင်းရပ်စ်ကုသဆေး တီထွင်နိုင်ရန် ပေါင် ၁၁ သန်း တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် Jack Ma လှူဒါန်း

Image may contain: 1 person
ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့်ဆေးဝါးကို တီထွင် နိုင်ရေးအတွက် တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Jack Ma က ဗြိတိန်စတာလင်ပေါင် ၁၁သန်း(အမေရိကန်ဒေါ်လာ ၁၄.၄ သန်း)နှင့်ညီမျှသည့် တရုတ်ယွမ်ငွေ သန်း ၁၀၀ ကို ထပ်မံလှူဒါန်းမည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တရုတ်နိုင်ငံတွင် ဆိုးရွားစွာခံစားနေရသည်။ ယနေ့(ဇန်နဝါရီ ၃၀ ) နံနက် စာရင်းများအရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၇,၈၇၅ ဦးရှိလာပြီဖြစ်ကာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ‌သေဆုံးသွားသူမှာ ၁၇၀ ဦးရှိလာပြီဖြစ်သည်။ သေဆုံးသူများအားလုံးမှာ တရုတ်နိုင်ငံမှပင် ဖြစ်နေသေးကြောင်းတွေရှိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများကို ကုသမှုပေးနိုင်ရန် လိုအပ်သည့်ဆေးဝါးအထောက် အကူပြုပစ္စည်းများဝယ်ယူရေးအတွက် Jack Ma ပိုင်ဆိုင်သည့် Alibaba စီးပွားရေးလုပ်ငန်းစုမှ ပေါင်သန်း ၁၁၀ ကို လှူဒါန်းထားပေးပြီးနောက် ဆေးဝါးဖော်စပ်နိုင်ရေးအတွက် နောက်ထပ် ပေါင် ၁၁ သန်းကို ထပ်မံလှူဒါန်းလိုက်ခြင်းဖြစ်သည်။
ဝူဟန်မြို့နှင့်ဟူဘေးပြည်နယ်အတွင်းမှ ဆေးရုံများအတွက် ယွမ် ၁ ဘီလျံ (ပေါင် ၁၁၀ သန်း၊ ကန်ဒေါ်လာ ၁၄၄ သန်း )ကို လှူဒါန်းထားသည်ဟု Alibaba စီးပွားရေးလုပ်ငန်းစုမှ ပြီးခဲ့သည့်တနင်္ဂနွေနေ့ကကြေညာချက်ထုတ်ပြန်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကုသ နိုင်မည့် ဆေးဝါးထုတ်နိုင်ရေးအတွက် နောက်ထပ် ယွမ် သန်း ၁၀၀ ကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။
နောက်ထပ်လှူဒါန်းသည့် ယွမ် သန်း ၁၀၀ ၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်သိပ္ပံအကယ်ဒမီများနှင့်ဆေးဝါးဖော် စပ်နိုင်ရေးအတွက် ဦးဆောင်ကြိုးစားနေကြသည့် တရုတ်သိပ္ပံပညာရှင်၊ အင်ဂျင်နီယာများသို့ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ကျန်သည့် ၆၀ ရာခိုင်နှုန်းကိုမူ တရုတ်နှင့်ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်ကာကွယ်နိုင် ရေးအတွက် သိပ္ပံသုတေသနဓါတ်ခွဲခန်းများ တည်ဆောက်ရန်နှင့် ဝန်ထမ်းများအတွက်လှူဒါန်းရန် စီစဉ် ထားသည်။ Jack Ma မှာ ပေါင် ၃၂.၉ ဘီလျံ ( အမေရိကန်ဒေါ်လာ ၄၂.၈ ဘီလျံ )ကြွယ်ဝပြီး ၂၀၁၉ Forbes မဂ္ဂဇင်း ၏သတ်မှတ်မှုအရ တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။
ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့်ဗိုင်းရပ်စ်ဆိုးကို ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် တရုတ် စီးပွားရေးလုပ်ငန်းရှင်များ၏ စုစုပေါင်းလှူဒါန်းမှု ပမာဏမှာ ယွမ် ၄.၅ ဘီလျံ ( ပေါင် ၄၉၉ သန်း၊ အမေရိကန်ဒေါ်လာ ၆၄၉သန်း) ရှိနေပြီဖြစ်သည်ဟု တရုတ် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း မဂ္ဂဇင်း၏ ဖော်ပြမှုအရ သိရသည်။
ထိုကဲ့သို့ဝိုင်းဝန်းလှူဒါန်းမှုများထဲတွင် Pony Ma ၏ Tencent မှ ဒေါ်လာ ၄၃ သန်း၊Robin Li ၏ Baidu မှ ဒေါ်လာ ၄၃ သန်း၊ Xu Jiayin ၏ Evergrande Group မှ ကန်ဒေါ်လာ ၂၈ သန်း၊ Ren Zhengfei ၏ Huawei မှ ကန်ဒေါ်လာ ၄.၃သန်း တို့အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းစု စုစုပေါင်း ၁၅၀ ကျော်ကဝိုင်းဝန်းလှူဒါန်းပေးထားကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်မှ ပညာရှင် Li Lanjuan ၏ တရုတ်နိုင်ငံပိုင်သတင်းဌာနသို့ပြောကြားမှုအရ ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်မည့် ဆေးကို ၃ လအတွင်းထုတ်လုပ်နိုင်ဖွယ်ရှိနေသည်ဟုလည်း သိရသည်။ကျွမ်းကျင်ပညာရှင်များက ကုသဆေးနမူနာကို လက် ရှိအချိန်မှစကာ ၁ လ အတွင်း တီထွင်နိုင်ဖွယ်ရှိနေသည်ဟု Li Lanjuan ဇန်နဝါရီ၂၈ အင်္ဂါနေ့က China News သို့ပြောကြားခဲ့သည်။ ထိုသို့ရရှိလာမည့်ဆေးနမူနာကို ကျွမ်းကျင်ပညာရှင်များက စမ်းသပ် ရန် သီတင်း ၂ ပတ်ကြာ အချိန်ယူရမည်ဟုဆိုသည်။ ထို့နောက်တွင် ကုသဆေးကို အစိုးရက အတည်ပြုနိုင်ရန် အနည်းဆုံး သီတင်း ၆ ပတ်ကြာ အချိန်ယူရမည်ဟု Li Lanjuan က ပြောကြားထားသည်။
Image may contain: 1 person, suit
No photo description available.
Source -Burma Asia #Myanmar_Online_News
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကုသဆေး တီထွင်နိုင်ရန် ပေါင် ၁၁ သန်း တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် Jack Ma လှူ ဒါန်း
Thursday ,January 30 , 2020

No comments:

Post a Comment