Sunday, January 5, 2020

အီရန် က တိုက်ခိုက်လာရင် အီရန်ရဲ့ နေရာ(၅၂)ခုကို ပြင်းထန်စွာ တိုက်ခိုက်သွားမယ်လို့ Trump ပြော

Image may contain: 1 personImage may contain: 1 person, text

အီရန်နိုင်ငံက အမေရိကန်နိုင်ငံသားတွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်လာရင် အီရန်နိုင်ငံရဲ့ တည်နေရာ (၅၂)ခုကို မြန်မြန်ဆန်ဆန်၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးခဲ့ပါတယ်။

အီရန်စစ်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်သွားမယ်လို့ အီရန်နိုင်ငံက ကြုံးဝါးထားပါတယ်။
'' ဆိုလေမာနီ သေဆုံးမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားသွားမယ်လို့ အီရန်နိုင်ငံက ပြတ်ပြတ်သားသား ပြောနေတယ်။ အမေရိကန်နိုင်ငံက ပစ်မှတ်ထားနေတဲ့ အီရန်နိုင်ငံရဲ့ တည်နေရာ(၅၂)ခုထဲမှာ တချို့နေရာတွေက ထိပ်တန်းအဆင့်နေရာတွေပါ။ အီရန်နိုင်ငံနဲ့ အီရန်ယဉ်ကျေးမှုအတွက် အရေးကြီးတဲ့နေရာတွေပါ။ အဲဒီလိုပစ်မှတ်တွေကို မြန်မြန်ဆန်ဆန်၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်။ အမေရိကန်က ခြိမ်းခြောက်မှုထပ်မလုပ်ချင်ပါဘူး''လို့ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်နှောင်းပိုင်းမှာ အီရန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး စီးနင်းသိမ်းပိုက်ခံရပြီး အီရန်နိုင်ငံမှာ ဓားစာခံအဖြစ် တစ်နှစ်ကျော် ဖမ်းဆီးခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား (၅၂)ယောက်ကို ကိုယ်စားပြုတဲ့အနေနဲ့ အီရန်နိုင်ငံရဲ့ တည်နေရာ(၅၂)ခုကို ပစ်မှတ်ထားနေတာလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ အဲဒီလိုရေးသားပြီး အချိန်တိုအတွင်းမှာပဲ ''အီရန်ဆိုက်ဘာလုံခြုံရေးအဖွဲ့ ဟက်ကာတွေ''လို့ နာမည်တပ်ထားတဲ့ အဖွဲ့က အမေရိကန်အစိုးရအေဂျင်စီတစ်ခုဖြစ်တဲ့ American Federal Depository Library Programme ဝက်ဘ်ဆိုက်ကို ဆိုက်ဘာတိုက်ခိုက်ခဲ့ပါတယ်။ ''ဒါက အီရန်နိုင်ငံရဲ့ မက်ဆေ့ပါပဲ။ ဖိနှိပ်ခံပါလက်စတိုင်းပြည်သူတွေ၊ ဖိနှိပ်ခံယီမင်ပြည်သူတွေ၊ ဆီးရီးယားအစိုးရနဲ့ ဆီးရီးယားပြည်သူတွေ၊ အီရတ်အစိုးရနဲ့ အီရတ်ပြည်သူတွေ၊ ဖိနှိပ်ခံဘာရိန်းပြည်သူတွေ၊ လက်ဘနွန်နဲ့ ပါလက်စတိုင်းမှာရှိတဲ့ စစ်မှန်တဲ့ မူဂျာဟစ်ဒင် တော်လှန်ရေးအဖွဲ့တွေ စတဲ့ ဒေသတွင်းမိတ်ဆွေတွေအတွက် ကူညီပံ့ပိုးနေတာတွေကို ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ကို အမြဲထောက်ပံ့ပေးသွားမှာပါ''လို့ ဝက်ဘ်ဆိုက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ပုံကိုလည်း အထိုးခံထားရလို့ ပါးစပ်ကနေ သွေးထွက်နေတဲ့ပုံစံမျိုး ဖန်တီးပြီး ဝက်ဘ်ပေ့ချ်ပေါ် တင်ထားခဲ့ပါတယ်။ '''ဒါက အီရန်နိုင်ငံရဲ့ ဆိုက်ဘာစွမ်းရည် အစအနလောက်ပဲရှိသေးတယ်''လို့ ရေးသားခဲ့ပါတယ်။
Source- CNA #Myanmar_Online_News

<zawgyi>

0 comments:

Post a Comment