Sunday, February 23, 2020

AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်မတော်သတင်းပေးဟုဆိုကာ ဒေသအခေါ် ကျိန်ကျောင်းကျေးရွာအားဝင်ရောက်ဖျက်ဆီး၍ ရွာသားအချို့အားဖမ်းဆီးသွား

Image may contain: one or more people and outdoor

AA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်အား သတင်းပေးသည်ဟုဆိုကာ ဒေသအခေါ် ကျိန်ကျောင်းကျေးရွာအားဝင်ရောက်ဖျက်ဆီး၍ ရွာသားအချို့အား ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ဒေသအခေါ် ကျိန်ကျောင်းကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များအတွင်းဝင်ရောက်ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး တပ်မတော်သတင်းပေးသည်ဟုဆိုကာ ရွာသား (၃)ဦးအား ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ ဟိုတစ်လောက ဒီရွာနားကချောင်းမှာ တိုက်ပွဲတွေဖြစ်ကျတယ်၊ တပ်ဘက်က ကြိုသတင်းရလို့လားမသိဘူး ကြိုစောင့်နေတဲ့အဖွဲ့နဲ့တွေ့ပြီး အကုန်ပြန်ဆုတ်သွားကျတယ်လို့ ကြားတယ်၊ လူသေတွေလည်း အများကြီးကျန်ခဲ့တယ်လို့ တောထဲသွားတဲ့အဖွဲ့တွေပြောသံကြားတယ်၊ မနက်က (၃)နာရီလောက်ရွာထဲဝင်လာတယ်၊ အကုန်လုံးက အိပ်နေကျတာ၊ မင်းတို့တွေထဲက တပ်ကို သတင်းပေးတာ ဘယ်သူတွေလဲ၊ မင်းတို့အိမ်တွေမှာ ဆက်သွယ်ရေး စက်တွေရှိကိုရှိနိုင်တယ်ဆိုပြီး အကုန်လုံးလှန်ရှာသွားကြတာ၊ (၁၅)နှစ်အရွယ် (၃)ယောက်ကိုလည်း တပ်သတင်းပေးတွေဆိုပြီး ဖမ်းသွားတယ်လို့တော့ ကြားတယ်၊ ကျနော်တို့လည်း ရွာမှာမနေရဲတော့လို့ တောထဲသွားနေနေတာ၊ အခု ဆီလေးဘာလေးလိုလို့ရွာကိုပြန်လာတာ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ ဒေသအခေါ်ကျိန်ကျောင်းကျေးရွာသည် တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး AA လက်နက်ကိုင်အဖွဲ့ဝင်များ ဝင်ထွက်သွားလာလျှက်ရှိကာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုနှင့် AA အဖွဲ့များ ထိတွေမှုဖြစ်ပွားကာ AA အလောင်း(၁၂)လောင်းနှင့် သေနတ်(၉)လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ဘက်သတင်းများကဆိုသည်။
AA လက်နက်ကိုင်အဖွဲ့များသည် ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားပြီး ရွာအနီးအနားတွင် တိုက်ပွဲများဖန်တီးနေသောကြောင့် အချို့သော ကျေးရွာသားများမှာ မြို့ပေါ်သိုထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
No photo description available.
Image may contain: one or more people
Image may contain: shoes
Ref ; May Yu News
<zawgyi>
AAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်မတော်သတင်းပေးဟုဆိုကာ ဒေသအခေါ် ကျိန်ကျောင်းကျေးရွာအားဝင်ရောက်ဖျက်ဆီး၍ ရွာသားအချို့အားဖမ်းဆီးသွား
Monday , February 24 , 2020

AA လက်နက်ကိုင်အဖွဲ့မှ တပ်မတော်အား သတင်းပေးသည်ဟုဆိုကာ ဒေသအခေါ် ကျိန်ကျောင်းကျေးရွာအားဝင်ရောက်ဖျက်ဆီး၍ ရွာသားအချို့အား ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဘူးသီးတောင်မြို့နယ်၊ ဒေသအခေါ် ကျိန်ကျောင်းကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များအတွင်းဝင်ရောက်ရှာဖွေခြင်းများပြုလုပ်ခဲ့ပြီး တပ်မတော်သတင်းပေးသည်ဟုဆိုကာ ရွာသား (၃)ဦးအား ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“ ဟိုတစ်လောက ဒီရွာနားကချောင်းမှာ တိုက်ပွဲတွေဖြစ်ကျတယ်၊ တပ်ဘက်က ကြိုသတင်းရလို့လားမသိဘူး ကြိုစောင့်နေတဲ့အဖွဲ့နဲ့တွေ့ပြီး အကုန်ပြန်ဆုတ်သွားကျတယ်လို့ ကြားတယ်၊ လူသေတွေလည်း အများကြီးကျန်ခဲ့တယ်လို့ တောထဲသွားတဲ့အဖွဲ့တွေပြောသံကြားတယ်၊ မနက်က (၃)နာရီလောက်ရွာထဲဝင်လာတယ်၊ အကုန်လုံးက အိပ်နေကျတာ၊ မင်းတို့တွေထဲက တပ်ကို သတင်းပေးတာ ဘယ်သူတွေလဲ၊ မင်းတို့အိမ်တွေမှာ ဆက်သွယ်ရေး စက်တွေရှိကိုရှိနိုင်တယ်ဆိုပြီး အကုန်လုံးလှန်ရှာသွားကြတာ၊ (၁၅)နှစ်အရွယ် (၃)ယောက်ကိုလည်း တပ်သတင်းပေးတွေဆိုပြီး ဖမ်းသွားတယ်လို့တော့ ကြားတယ်၊ ကျနော်တို့လည်း ရွာမှာမနေရဲတော့လို့ တောထဲသွားနေနေတာ၊ အခု ဆီလေးဘာလေးလိုလို့ရွာကိုပြန်လာတာ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ်၊ ဒေသအခေါ်ကျိန်ကျောင်းကျေးရွာသည် တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပြီး AA လက်နက်ကိုင်အဖွဲ့ဝင်များ ဝင်ထွက်သွားလာလျှက်ရှိကာ ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုနှင့် AA အဖွဲ့များ ထိတွေမှုဖြစ်ပွားကာ AA အလောင်း(၁၂)လောင်းနှင့် သေနတ်(၉)လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ဘက်သတင်းများကဆိုသည်။
AA လက်နက်ကိုင်အဖွဲ့များသည် ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားပြီး ရွာအနီးအနားတွင် တိုက်ပွဲများဖန်တီးနေသောကြောင့် အချို့သော ကျေးရွာသားများမှာ မြို့ပေါ်သိုထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
Ref ; May Yu News

No comments:

Post a Comment