Sunday, February 16, 2020

ကိုရီးယား နှစ်နိုင်ငံကြားက အချစ်ဇာတ်လမ်းက လတ်တလောမှာ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲဖြစ်နေ

Image may contain: 2 people, people sitting

လေထီးစီးရင်း မတော်တဆ မြောက်ကိုရီးယားနယ်မြေထဲကို ​ရောက်ရှိသွားတဲ့ ဘီလီယံနာ သဌေးမလေးနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ သစ္စာတော်ခံ မျိုးချစ် စစ်သားလေးတို့ရဲ့ အကြောင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဟာ လက်တလော လူကြိုက်များနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်နေပါတယ်။

အဲဒီဇာတ်လမ်းဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့နဲ့ မြို့အစွန်ဒေသတွေမှာပါ ရိုက်ကူးထားတာက တမူထူးခြားတာကို တွေ့ရပါတယ်။
လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖိုးနဲ့ အဖေတို့ ရုပ်ပုံဟာ အိမ်တိုင်းရဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားသလို ဝါဒဖြန့်ချီရေး စကားလုံးတွေက လမ်းမတွေပေါ်မှာ တည်ရှိနေတာကိုပါ ရုပ်မြင်သံကြားဇာတ်လမ်းပေါ်မှာ တွေ့ရပါတယ်။
အပိုင်း ၁၆ တွဲပါတဲ့ ဇာတ်လမ်းတွဲဟာ အွန်လိုင်းကနေ ကြည့်ရှူ့နိုင်တဲ့ tvN ရုပ်မြင်သံကြားပေါ် ဒီသတင်းပတ်အတွင်းမှာ လူကြိုက်အများဆုံးဖြစ်နေပါတယ်။
ချောင်နန်းအမျိုးသားတက္ကသိုလ်က ပါမေက္ခ ယန်ဆန့်ဂျီကတော့ အဲဒီဇာတ်လမ်းတွဲက မြောက်ကိုရီးယားကို မြင်ယောင်နေတဲ့ ပုံစံကို ပြောင်းလဲနိုင်သလို လူနေထိုင်မှုကို ပွင့်ပွင့်လင်းလင်း ချပြထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။
ဇာတ်လမ်းအဖွင့်မှာ ချောမောလှပတဲ့ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းစုရဲ့ အမွေဆက်ခံထားတဲ့ သူဌေးမလေးဟာ လေထီးခုန်နေစဉ် မုန်တိုင်းကြောင့် စစ်မဲ့ဇုန်ရဲ့ မြောက်ကိုရီးယား ဘက်ခြမ်းကို ရောက်ရှိသွားပါတယ်။ မြောက်ကိုရီးယား စစ်တပ်ခေါင်းဆောင်တစ်ဦးရဲ့သား စစ်ဗိုလ်နဲ့ ချစ်ကြိုက်မိပြီး အဲဒီစစ်ဗိုလ်က သူဌေးမလေးကို ဖွက်ထားသလိုမျိုးနဲ့ ကာကွယ်ပေးထားတဲ့အကြောင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။
ဇာတ်ဝင်ခန်းတစ်ခုမှာ ရေချိုးရန်အတွက် ရေပူရဖို့ ပလပ်စတစ်အိတ်နဲ့ ဖုံးထားတာမျိုး၊ လျှပ်စစ် မီးပျက်သွားတဲ့အတွက် ရုပ်မြင်သံကြားဆက်ကြည့်ရန် ခြေနင်းပြီး ဒိုင်နမိုအားသွင်းရတာမျိုးတွေပါ ရိုက်ကူးပါတယ်။
အဲဒီဇတ်ဝင်ခန်းကို တောင်ကိုရီးယားတွေအတွက် ရယ်စရာလို့ မြင်နိုင်ပေမယ့် တောင်ကိုရီးယားမှာ လက်နက်ချထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားဟောင်း ဟန်ဆောင်အီကတော့ မြောက်ကိုရီးယားနိုင်ငံကို သတိရတဲ့အတွင်ငိုရကြောင်း၊ အိမ်တိုင်းမှာ ခြေနင်းမီးစက်တည်ရှိကြောင်း ပြောဆိုပါတယ်။
ဒီဇာတ်လမ်းဟာ အပျော်ကြည့်သက်သက်သာဖြစ်တယ်လို့ ပြောပေမယ့် Christian Liberty ပါတီကတော့ ရုပ်မြင်သံကြားထုတ်လုပ်သူတွေက မြောက်ကိုရီးယား စစ်သားတွေကို ဂုဏ်ပြုစရာကောင်းသူတွေလို့ ပုံဖော်ထားပါတယ်။ တကယ့်လက်တွေ့မှာတော့ ရန်သူလိုဘဲ သူတို့ကို သေနတ်တွေ ဓါးတွေနဲ့ ချိန်ရွယ်ထားပါတယ်လို့ ပြောပါတယ်။
Image may contain: 2 people, people sleeping
Image may contain: 2 people, people standing
Image may contain: 4 people, people standing and text
Image may contain: 4 people
Image may contain: 6 people
Image may contain: 1 person, beard and outdoor, text that says 'NETFLIX TEASER #2 THE SWOON'
Image may contain: one or more people, people standing, tree, outdoor and nature
Image may contain: 2 people, night, fire and outdoor
Ref ; AFP
<zawgyi>
ကိုရီးယား နှစ်နိုင်ငံကြားက အချစ်ဇာတ်လမ်းက လတ်တလောမှာ လူကြိုက်များတဲ့ ဇာတ်လမ်းတွဲဖြစ်နေ
Monday , February 17 , 2020

လေထီးစီးရင်း မတော်တဆ မြောက်ကိုရီးယားနယ်မြေထဲကို ရောက်ရှိသွားတဲ့ ဘီလီယံနာ သဌေးမလေးနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ရဲ့ သစ္စာတော်ခံ မျိုးချစ် စစ်သားလေးတို့ရဲ့ အကြောင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဟာ လက်တလော လူကြိုက်များနေတဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်နေပါတယ်။
အဲဒီဇာတ်လမ်းဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့နဲ့ မြို့အစွန်ဒေသတွေမှာပါ ရိုက်ကူးထားတာက တမူထူးခြားတာကို တွေ့ရပါတယ်။
လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖိုးနဲ့ အဖေတို့ ရုပ်ပုံဟာ အိမ်တိုင်းရဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားသလို ဝါဒဖြန့်ချီရေး စကားလုံးတွေက လမ်းမတွေပေါ်မှာ တည်ရှိနေတာကိုပါ ရုပ်မြင်သံကြားဇာတ်လမ်းပေါ်မှာ တွေ့ရပါတယ်။
အပိုင်း ၁၆ တွဲပါတဲ့ ဇာတ်လမ်းတွဲဟာ အွန်လိုင်းကနေ ကြည့်ရှူ့နိုင်တဲ့ tvN ရုပ်မြင်သံကြားပေါ် ဒီသတင်းပတ်အတွင်းမှာ လူကြိုက်အများဆုံးဖြစ်နေပါတယ်။
ချောင်နန်းအမျိုးသားတက္ကသိုလ်က ပါမေက္ခ ယန်ဆန့်ဂျီကတော့ အဲဒီဇာတ်လမ်းတွဲက မြောက်ကိုရီးယားကို မြင်ယောင်နေတဲ့ ပုံစံကို ပြောင်းလဲနိုင်သလို လူနေထိုင်မှုကို ပွင့်ပွင့်လင်းလင်း ချပြထားတာကို တွေ့ရတယ်လို့ ပြောပါတယ်။
ဇာတ်လမ်းအဖွင့်မှာ ချောမောလှပတဲ့ တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းစုရဲ့ အမွေဆက်ခံထားတဲ့ သူဌေးမလေးဟာ လေထီးခုန်နေစဉ် မုန်တိုင်းကြောင့် စစ်မဲ့ဇုန်ရဲ့ မြောက်ကိုရီးယား ဘက်ခြမ်းကို ရောက်ရှိသွားပါတယ်။ မြောက်ကိုရီးယား စစ်တပ်ခေါင်းဆောင်တစ်ဦးရဲ့သား စစ်ဗိုလ်နဲ့ ချစ်ကြိုက်မိပြီး အဲဒီစစ်ဗိုလ်က သူဌေးမလေးကို ဖွက်ထားသလိုမျိုးနဲ့ ကာကွယ်ပေးထားတဲ့အကြောင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။
ဇာတ်ဝင်ခန်းတစ်ခုမှာ ရေချိုးရန်အတွက် ရေပူရဖို့ ပလပ်စတစ်အိတ်နဲ့ ဖုံးထားတာမျိုး၊ လျှပ်စစ် မီးပျက်သွားတဲ့အတွက် ရုပ်မြင်သံကြားဆက်ကြည့်ရန် ခြေနင်းပြီး ဒိုင်နမိုအားသွင်းရတာမျိုးတွေပါ ရိုက်ကူးပါတယ်။
အဲဒီဇတ်ဝင်ခန်းကို တောင်ကိုရီးယားတွေအတွက် ရယ်စရာလို့ မြင်နိုင်ပေမယ့် တောင်ကိုရီးယားမှာ လက်နက်ချထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားဟောင်း ဟန်ဆောင်အီကတော့ မြောက်ကိုရီးယားနိုင်ငံကို သတိရတဲ့အတွင်ငိုရကြောင်း၊ အိမ်တိုင်းမှာ ခြေနင်းမီးစက်တည်ရှိကြောင်း ပြောဆိုပါတယ်။
ဒီဇာတ်လမ်းဟာ အပျော်ကြည့်သက်သက်သာဖြစ်တယ်လို့ ပြောပေမယ့် Christian Liberty ပါတီကတော့ ရုပ်မြင်သံကြားထုတ်လုပ်သူတွေက မြောက်ကိုရီးယား စစ်သားတွေကို ဂုဏ်ပြုစရာကောင်းသူတွေလို့ ပုံဖော်ထားပါတယ်။ တကယ့်လက်တွေ့မှာတော့ ရန်သူလိုဘဲ သူတို့ကို သေနတ်တွေ ဓါးတွေနဲ့ ချိန်ရွယ်ထားပါတယ်လို့ ပြောပါတယ်။
Ref ; AFP

No comments:

Post a Comment