စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်မော်လူးနယ်မြေရဲစခန်းအပိုင်တွင်မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့်မော်တော်ကားအားတားဆီးစစ်ဆေးရာ ရပ်တန့်မပေးဘဲမောင်းနှင်ထွက်ပြေးပြီးယာဉ်အားထားခဲ့ကာထွက်ပြေးသဖြင့်စစ်ဆေးရာမူးယစ်ဆေးဝါးဒေသကာလတန်ဘိုး(၁၁၀၆၅-တစ်သောင်း တစ်ထောင်ခြောက်ဆယ့်ငါးသိန်း)ဖိုးဖမ်းမိခဲ့ကြောင်း မော်လူးနာ်မြေရဲစခန်းမှသိရသည် ။
ဖြစ်စဉ်မှာဖဖေါ်ဝါရီ ၁၄ ရက်နေ့ညနေ၅နာရီအချိန်ခန့်ကသာမြို့မူးယစ်တပ်ဖွဲ့စု(၆)မှရဲအုပ်ဖြိုးဝေကျော်နှင့်တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူမူးယစ်ဆေးဝါးသတင်းအရ မော်လူးဒေသ နားမကျိုင်းကျေးရွာအနီး မန္တလေး-ရွှေဘို- မြစ်ကြီးနားလမ်းမပေါ်တွင်စောင့်ဆိုင်း လျက်ရှိစဉ်အင်းတော်ဘက်မှ မော်လူးဘက်သို့ မောင်းနှင်လာသည့် MDY-7L/×××× နံပါတ်ပါMAZDA-BT50အမျိုးအစားအနက်ရောင်မော်တော်ယာဉ်အားတားဆီးရာရပ်တန့်မပေးဘဲမောင်း နှင်ထွက်ပြေးသဖြင့်ရဲအုပ်ဖြိုးဝေကျော်နှင့်တပ်ဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးကြရာယာဉ်မောင်းဖြစ်သူမှာပေကုန်းကျေးရွာအနီးနန့်သဲလိမ်တံတား
ထိပ်တွင်ကားအားရပ်တန့်ထားခဲ့ပြီးထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးသော်လည်းဖမ်းဆီးရမိခြင်းမရှိကြောင်း ရဲအရာရှိတစ်ဦးထံမှသိရသည် ။
ရဲအုပ်ဖြိုးဝေကျော်နှင့်ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူမော်တော်ကားအားရှာဖွေစစ်ဆေးရာ မော်တော်ကား ၏နောက်ခန်းကြမ်းခင်းနှင်ဘေးဝဲယာဘောင်အတွင်းသိုဝှက်သယ်ဆောင်လာသောရောင်စုံဆပ်ပြာခွက်အတွင်း ထည့်ထားသည့်ဘိန်းဖြူအလေးချိန်(၁၀)ဂရမ်စီပါဆပ်ပြာခွက်(၆၆၀)ခွက်ဘိန်းဖြူအလေးချိန်(၆၆၀၀)ဂရမ်ဒေသပေါက်စျေးအရတန်ဖိုးငွေ(၆၆၀၀)သိန်းနှင့်အပြာရောင်ကပ်ခွာအိတ်များ အတွင်း(999)တံဆိပ်ပါပန်းရောင်စိတ်ကြွဆေးပြား(၁၉၀)ပြားစီပါ(၃၀)အိတ်တံဆိပ်မပါပန်းရောင်စိတ်ကြွဆေးပြား(၁၉၀)ပြားစီပါ(၃၀၀)အိတ်၊(88/1)စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား (၁၉၀)ပြားစီပါ(၁၄၀)အိတ်စုစုပေါင်းစိတ်ကြွဆေးပြား(၈၉၄၀၀)ပြား ဒေသကာလတန်ဖိုး(၄၄၆၅)သိန်းကျပ်ခန့် စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေ(၁၁၀၆၅)သိန်းဖိုးရှာဖွေသိမ်းဆည်းရမိခဲသည်ဟုရဲမှတ်တမ်းအရသိရသည် ။
ဖမ်းမိမူးယစ်ဝါများနှင့် မော်တော်ကားအား ရဲအုပ်ဖြိုးဝေကျော်မှတရားလိုပြုလုပ်ကာ မယ(ပ)၉/၂၀၂၀ ပုဒ်မ ၁၉(က) ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးတရားခံအားဖမ်းဆီးရမိနိုင်ရေးအတွက်စုံစမ်းရှာဖွေလျက်ရှိကြောင်း မော်လူးနယ်မြေရဲစခန်းမှသိရသည်။

သတင်း - ကျော်စိုး(နမ့်တော)
<zawgyi>
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့တွင် ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား တန်ဖိုးသိန်းပေါင်းတစ်သောင်းကျော်၊ ကားတစ်စီးနှင့်အတူဖမ်းဆီးရမိ
Sunday , February 16 , 2020
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်မော်လူးနယ်မြေရဲစခန်းအပိုင်တွင်မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့်မော်တော်ကားအားတားဆီးစစ်ဆေးရာရပ်တန့်မပေးဘဲမောင်းနှင်ထွက်ပြေးပြီးယာဉ်အားထားခဲ့ကာထွက်ပြေးသဖြင့်စစ်ဆေးရာမူးယစ်ဆေးဝါးဒေသကာလတန်ဘိုး(၁၁၀၆၅-တစ်သောင်း တစ်ထောင်ခြောက်ဆယ့်ငါးသိန်း)ဖိုးဖမ်းမိခဲ့ကြောင်း မော်လူးနာ်မြေရဲစခန်းမှသိရသည် ။
ဖြစ်စဉ်မှာဖဖေါ်ဝါရီ ၁၄ ရက်နေ့ညနေ၅နာရီအချိန်ခန့်ကသာမြို့မူးယစ်တပ်ဖွဲ့စု(၆)မှရဲအုပ်ဖြိုးဝေကျော်နှင့်တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူမူးယစ်ဆေးဝါးသတင်းအရ မော်လူးဒေသ နားမကျိုင်းကျေးရွာအနီး မန္တလေး-ရွှေဘို- မြစ်ကြီးနားလမ်းမပေါ်တွင်စောင့်ဆိုင်း လျက်ရှိစဉ်အင်းတော်ဘက်မှ မော်လူးဘက်သို့ မောင်းနှင်လာသည့် MDY-7L/×××× နံပါတ်ပါMAZDA-BT50အမျိုးအစားအနက်ရောင်မော်တော်ယာဉ်အားတားဆီးရာရပ်တန့်မပေးဘဲမောင်း နှင်ထွက်ပြေးသဖြင့်ရဲအုပ်ဖြိုးဝေကျော်နှင့်တပ်ဖွဲ့ဝင်များမှလိုက်လံဖမ်းဆီးကြရာယာဉ်မောင်းဖြစ်သူမှာပေကုန်းကျေးရွာအနီးနန့်သဲလိမ်တံတား
ထိပ်တွင်ကားအားရပ်တန့်ထားခဲ့ပြီးထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးသော်လည်းဖမ်းဆီးရမိခြင်းမရှိကြောင်း ရဲအရာရှိတစ်ဦးထံမှသိရသည် ။
ရဲအုပ်ဖြိုးဝေကျော်နှင့်ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူမော်တော်ကားအားရှာဖွေစစ်ဆေးရာ မော်တော်ကား ၏နောက်ခန်းကြမ်းခင်းနှင်ဘေးဝဲယာဘောင်အတွင်းသိုဝှက်သယ်ဆောင်လာသောရောင်စုံဆပ်ပြာခွက်အတွင်း ထည့်ထားသည့်ဘိန်းဖြူအလေးချိန်(၁၀)ဂရမ်စီပါဆပ်ပြာခွက်(၆၆၀)ခွက်ဘိန်းဖြူအလေးချိန်(၆၆၀၀)ဂရမ်ဒေသပေါက်စျေးအရတန်ဖိုးငွေ(၆၆၀၀)သိန်းနှင့်အပြာရောင်ကပ်ခွာအိတ်များ အတွင်း(999)တံဆိပ်ပါပန်းရောင်စိတ်ကြွဆေးပြား(၁၉၀)ပြားစီပါ(၃၀)အိတ်တံဆိပ်မပါပန်းရောင်စိတ်ကြွဆေးပြား(၁၉၀)ပြားစီပါ(၃၀၀)အိတ်၊(88/1)စာတန်းပါပန်းရောင်စိတ်ကြွဆေးပြား (၁၉၀)ပြားစီပါ(၁၄၀)အိတ်စုစုပေါင်းစိတ်ကြွဆေးပြား(၈၉၄၀၀)ပြား ဒေသကာလတန်ဖိုး(၄၄၆၅)သိန်းကျပ်ခန့် စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေ(၁၁၀၆၅)သိန်းဖိုးရှာဖွေသိမ်းဆည်းရမိခဲသည်ဟုရဲမှတ်တမ်းအရသိရသည် ။
ဖမ်းမိမူးယစ်ဝါများနှင့် မော်တော်ကားအား ရဲအုပ်ဖြိုးဝေကျော်မှတရားလိုပြုလုပ်ကာ မယ(ပ)၉/၂၀၂၀ ပုဒ်မ ၁၉(က) ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးတရားခံအားဖမ်းဆီးရမိနိုင်ရေးအတွက်စုံစမ်းရှာဖွေလျက်ရှိကြောင်း မော်လူးနယ်မြေရဲစခန်းမှသိရသည်။
သတင်း - ကျော်စိုး(နမ့်တော)
No comments:
Post a Comment