
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း လူတိုင်းအပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်သည်အထိ ရန်ကုန်မြို့၏ လေထုအရည် အသွေး အညွှန်းကိန်းသည် အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၉ ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၃၀၁ မှ ၅၀ဝ အထိ ရှိမည်ဖြစ်၍ လူတိုင်းအပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်ပြီး အသက်ရှူလမ်း ကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အန္တရာယ်ကင်းသောနေရာ၌သာ နေထိုင်သင့်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀ ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၂၀၁ မှ ၃၀ဝ အထိရှိမည်ဖြစ်ပြီး လူတိုင်းကျန်းမာရေး ပြင်းထန်စွာထိခိုက်စေနိုင်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ယင်းနယ်နိမိတ်မှရှောင်ကြဉ်သင့်ပြီး ပြင်ပလှုပ်ရှားမှုများ မပြုလုပ်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လေထုအရည်အသွေးအညွှန်းကိန်းသည် လေထုထဲတွင် အမှုန်၊ ကာဗွန်ဒိုင်အောက်ဆိုက် နှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အမှုန်အမွှားများ မည်မျှပါဝင်သလဲဆိုသည်ကို တိုင်းတာပြီး သန့်ရှင်းသောလေထုနှင့် မသန့်ရှင်းသောလေထုဟူ၍ခွဲခြားပေးခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။
“ရန်ကုန်လေထုအတွက်တော့ တိုင်းတာ ပေးသွားမှာပါ။ တစ်နိုင်ငံလုံးအတွက်ကတော့ မတိုင်းတာနိုင်သေးဘူး။
ဂျပန်ကလှူထားတာက စက်နှစ်လုံးမှာ တစ်လုံးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပေးထားတဲ့အ တွက် အချက်အလက်တစ်လမှတစ်ကြိမ်ပဲ ရတာကြောင့် တစ်နိုင်ငံလုံးအတွက်က တိုင်းတာဖို့ အဆင်မပြေသေးဘူး”ဟု ၎င်းကဆိုသည်။




Ref ; Myanmar Times
<zawgyi>
ဖေဖော်ဝါရီနောက်ဆုံးပတ် လူတိုင်း အပြင်မထွက်သင့်သည်ထိ လေထုအရည်အသွေး ဆိုးရွားမည် Thursday , February 13 , 2020
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း လူတိုင်းအပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်သည်အထိ ရန်ကုန်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်းသည် အန္တရာယ်ရှိအဆင့်သို့ ရောက်ရှိမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၉ ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၃၀၁ မှ ၅၀ဝ အထိ ရှိမည်ဖြစ်၍ လူတိုင်းအပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်ပြီး အသက်ရှူလမ်း ကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊
သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ အန္တရာယ်ကင်းသောနေရာ၌သာ နေထိုင်သင့်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀ ရက်အထိ လေထုအရည်အသွေးအညွှန်းကိန်းမှာ ၂၀၁ မှ ၃၀ဝ အထိရှိမည်ဖြစ်ပြီး လူတိုင်းကျန်းမာရေး ပြင်းထန်စွာထိခိုက်စေနိုင်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ သို့မဟုတ် နှလုံးရောဂါရှိသူများ၊
သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ယင်းနယ်နိမိတ်မှရှောင်ကြဉ်သင့်ပြီး ပြင်ပလှုပ်ရှားမှုများ မပြုလုပ်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
လေထုအရည်အသွေးအညွှန်းကိန်းသည် လေထုထဲတွင် အမှုန်၊ ကာဗွန်ဒိုင်အောက်ဆိုက် နှင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အမှုန်အမွှားများ မည်မျှပါဝင်သလဲဆိုသည်ကို တိုင်းတာပြီး သန့်ရှင်းသောလေထုနှင့် မသန့်ရှင်းသောလေထု
ဟူ၍ခွဲခြားပေးခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။
“ရန်ကုန်လေထုအတွက်တော့ တိုင်းတာ ပေးသွားမှာပါ။ တစ်နိုင်ငံလုံးအတွက်ကတော့ မတိုင်းတာနိုင်သေးဘူး။
ဂျပန်ကလှူထားတာက စက်နှစ်လုံးမှာ တစ်လုံးကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပေးထားတဲ့အ တွက် အချက်အလက်တစ်လမှတစ်ကြိမ်ပဲ ရတာကြောင့် တစ်နိုင်ငံလုံးအတွက်က တိုင်းတာဖို့ အဆင်မပြေသေးဘူး”ဟု ၎င်းကဆိုသည်။
Ref ; Myanmar Times






0 comments:
Post a Comment