ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသည့် ပူတာအိုခရိုင် ခေါင်လန်ဖူး ဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် သက်သာထောက်ပံ့ပစ္စည်းများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ယနေ့အထိ ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် လေးခေါက်သယ်ယူပို့ဆောင် ပေးသည်။
ပို့ဆောင်ပေးရာတွင် ပူတာအိုမြို့မှ နယ်မြေခံတပ်မတော် သားများကကုန်ပစ္စည်းများအား မော်တော်ယာဉ်များပေါ်မှ ရဟတ်ယာဉ်ပေါ်သို့ ပြောင်းရွှေ့သယ် ဆောင်ပေးခဲ့ပြီး ခေါင်လန်ဖူးမြို့တွင် နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရဟတ်ယာဉ်ပေါ်မှပစ္စည်းများအား ရွှေ့ပြောင်းသယ်ဆောင်ပေးသည်။ထို့နောက်ခေါင်လန်ဖူး မြို့မှ ပူတာအိုမြို့သို့သွားရောက်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံပြသမည့် ဒေသခံပြည်သူများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

<zawgyi>
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ခေါင်လန်ဖူးဒေသရှိ ဒေသခံတိုင်းရင်းသားပြည်သူများထံ စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့်ပို့ဆောင်
Thursday , February 13 , 2020
ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသည့် ပူတာအိုခရိုင် ခေါင်လန်ဖူး ဒေသရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် သက်သာထောက်ပံ့ပစ္စည်းများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ယနေ့အထိ ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် လေးခေါက်သယ်ယူပို့ဆောင် ပေးသည်။
ပို့ဆောင်ပေးရာတွင် ပူတာအိုမြို့မှ နယ်မြေခံတပ်မတော် သားများကကုန်ပစ္စည်းများအား မော်တော်ယာဉ်များပေါ်မှ ရဟတ်ယာဉ်ပေါ်သို့ ပြောင်းရွှေ့သယ် ဆောင်ပေးခဲ့ပြီး ခေါင်လန်ဖူးမြို့တွင် နယ်မြေခံ တပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရဟတ်ယာဉ်ပေါ်မှပစ္စည်းများအား ရွှေ့ပြောင်းသယ်ဆောင်ပေးသည်။ထို့နောက်ခေါင်လန်ဖူး မြို့မှ ပူတာအိုမြို့သို့သွားရောက်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံပြသမည့် ဒေသခံပြည်သူများအား တပ်မတော်ရဟတ် ယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:
Post a Comment