Sunday, February 2, 2020

ညဘက်အိပ်ရေးပျက်ခံတာကြာရင် နှလုံးပျက်စီးမယ်နော်

No photo description available.

ညဘက်ကျရင် မျက်စိမှိတ်မယ့်အစား ဘယ်တော့မိုးလင်းမှာလဲလို့ နာရီပဲထကြည့်နေရတာမျိုး ကြုံဖူးကြလား။ ဒါမှမဟုတ် တခုခုလုပ်နေလို့ မအိပ်ဖြစ်တာဆိုလည်း ရလဒ်ကတူတူပဲလေ။ အိပ်မပျော်တာဖြစ်ဖြစ်၊ မအိပ်လိုက်ရတာဖြစ်ဖြစ်၊ အိပ်ပျော်လိုက်နိုးလိုက် သံသရာလည်နေတဲ့သူဖြစ်ဖြစ်နောက်ဆုံးခန္ဓါကိုယ်မှာဖြစ်လာမယ့်အကျိုးဆက်ကတော့ သိပ်မကွာကြပါဘူး။

ညအိပ်မပျော်တဲ့ရက်တွေ များနေတဲ့သူတွေမှာ နှလုံးကျန်းမာရေးကို ပိုပြီးစိုးရိမ်ဖို့လိုနေပြီလို့ သုတေသနအသစ်က သတိပေးလာပါတယ်။ ညဘက်အိပ်မပျော်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်လာနိုင်ခြေ၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်းအန္တရာယ်နဲ့လေဖြတ်ခြင်းအန္တရာယ်ပိုများတယ်လို့ ဆက်နွယ်မှုကိုတွေ့ရှိခဲ့တာပါ။
“ အိပ်ရေးဝခြင်းက နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ် ကိုကာကွယ်နိုင်ဖို့အရေးကြီးတဲ့အချက်ပါ။ “ လို့ ဆွီဒင် သုတေသီSusanna Larsson ကပြောပါတယ်။ ဒီသုတေသနကို စတော့ခ်ဟုမ်းမှာရှိတဲ့Karolinska Institute မှ သုတေသီတွေကလေ့လာခဲ့ကြတာဖြစ်ပါတယ်။
အိပ်မပျော်ခြင်းပြဿနာကို ယေဘုယျလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းမှာခံစားနေရတာဖြစ်ပါတယ်။ သုတေသနအသစ်မှာ ဥရောပမှာရှိတဲ့ လူဦးရေ ၁.၃ သန်းကျော်ရဲ့ ကျန်းမာရေးအချက်အလက်တွေကိုလေ့လာခဲ့ကြပါတယ်။
အဲဒီအခါ အိပ်မပျော်ခြင်းနဲ့ မျိုးဗီဇဆက်နွှယ်မှုရှိတဲ့သူတွေဟာ နှလုံးရောဂါ၊ နှလုံးပျက်စီးခြင်းနဲ့လေဖြတ်ခြင်းတို့ဖြစ်နိုင်တဲ့အန္တရာယ်ပိုများတာကိုတွေ့ရပါတယ်။
နှလုံးရောဂါအပါအဝင်ရောဂါအခံတွေကြောင့်လည်း အိပ်မပျော်တာမျိုးဖြစ်စေနိုင်တာရှိတာကြောင့် ဘယ်ဟာကအရင်ဖြစ်လဲ အတည်ပြုဖို့ခက်ခဲစေပါတယ်။
ဒါပေမယ့် သုတေသီတွေက အိပ်မပျော်ခြင်းကို လက္ခဏာအစား မျိုးဗီဇဆိုင်ရာအချက်အလက်တွေကိုအသုံးပြုပြီးလေ့လာခဲ့တာဖြစ်လို့ အိပ်စက်ခြင်းပြဿနာတွေက နှလုံးနဲ့လေဖြတ်ခြင်းအန္တရာယ်ပိုများတာနဲ့ တိုက်ရိုက်ဆက်နွှယ်နေသလား ဆန်းစစ်ကြည့်ဖို့ ပိုလွယ်သွားပါတယ်။
ဆက်တိုက်အိပ်ရေးပျက်နေမယ်ဆိုရင် – ဉာဏ်က ထုံထိုင်းလာနိုင်တယ်၊စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်၊ရုပ်ပိုရင့်စေတယ်၊နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာနိုင်တယ်။
နောက်ဆက်တွဲပြဿနာအနေနဲ့ နှလုံးရောဂါ၊ သွေးတိုး၊ အဝလွန်ခြင်း စတဲ့ ရောဂါဆိုးတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။ပိုဝလာနိုင်တယ်၊ အိပ်ရေးပျက်ရင် ပိုဆာတယ်၊ အစာစားချင်စိတ်ပိုဖြစ်လာနိုင်တယ်တဲ့။
အဆီများ၊ အချိုများပြီး ကျန်းမာရေးနဲ့မညီတာတွေကိုမှ ပိုစားချင်တတ်တာဖြစ်လို့ အဝလွန်ခြင်းကို ဦးတည်လာနိုင်တယ်။ အိပ်ရေးမဝတဲ့အခါ Leptin ဟော်မုန်း ပမာဏကိုလျော့စေပြီး ဆာလောင်မှုကိုနှိုးဆွတဲ့ Ghrelin ပမာဏကိုတိုးစေလို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် ညတိုင်း အနည်းဆုံး ၇ နာရီကနေ ၈ နာရီ လောက် အိပ်ချိန်ရှိဖို့ အရေးကြီးပါတယ်။
အိပ်မပျော်တတ်တဲ့သူတွေဟာ အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ အမူအကျင့်တွေကိုပြောင်းလဲပစ်ဖို့လိုတယ်၊ စိတ်ဖိစီးမှုတွေပြေလျော့အောင် လုပ်ဖို့လိုတယ်လို့ သုတေသီတွေကအကြံပေးပါတယ်။ အိပ်စက်ခြင်းအပေါ် မျိုးဗီဇကြောင့်သက်ရောက်မှုကအနည်းငယ်သာရှိပြီး လူတွေရဲ့အမူအကျင့်တွေ၊ စိတ်ဖိစီးမှုတွေနဲ့ ပတ်ဝန်းကျင်ကအကြောင်းရင်းခံတွေကြောင့် အဓိကပါလို့ သူကဆိုပါတယ်။
Image may contain: one or more people
Image may contain: one or more people
Image may contain: one or more people
Image may contain: 1 person, sitting
Source : Helloဆရာဝန်
Ref : Yun Sandi Nan Mon / Dr. Thurein Hlaing Win #Myanmar_Online_News

>>Zawgyi<<
ညဘက်အိပ်ရေးပျက်ခံတာကြာရင် နှလုံးပျက်စီးမယ်နော်....
Monday , February 3 , 2020

No comments:

Post a Comment