
ဖေဖေါ်ဝါရီ ၁၃ ရက်တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာ၏ စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ဆွေးနွေးရာ၌ " ပြည်သူ့လစာစားပါက ပြည်သူကို မျက်နှာမူရမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ် ဦးမောင်မြင့်က တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သ ည်။
“ စာရင်းစစ်ချုပ်ရုံးအနေနဲ့ ဝန်ကြီးဌာနတွေရဲ့တစ်နေ့တာ လုပ်ဆောင်ရတာတွေကို စစ်ဆေးရတာဖြစ်လို့ ခက်ခဲပင်ပန်းမယ်ဆို တာ ကိုယ်ချင်းစာသလို နားလည်းလည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဝန်ကြီးဌာနအနေနဲ့ လုပ်ထုံးတွေအပေါ် ကျော်လွန်ပြီး GGS ကုမ္ပဏီအပေါ် ဒေါ်လာ ၄ ဒသမ ၅ သန်းကျော် စိုက်ထုတ်ကျခံပေးခဲ့တာကိုလည ်းကောင်း၊ ထိုင်းငွေကြေးတန်ဖိုးအရ ဒေါ်လာ ၅ သိန်းကျော် ဆုံးရှုံးခဲ့တာကိုလည်းကောင် း ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာကို ရှင်းလင်းစွာ မှတ်ချက်မပြုလို့ စိတ်ပျက် မိပါတယ်။ ပြည်သူ့ရဲ့လစာကို စားရင် ပြည်သူ့မျက်နှာကို ကြည့်ရမယ်ဆိုတာ ကျွန်တော်သတိ ပြုစေလိုပါတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ဂလိုဘယ်ဂရန်းကုမ္ပဏီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြာ း ငွေကြေး အရှုပ်အရှင်းကိစ္စအပေါ် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ် ဦးမောင်မြင့်က ပြည်ထောင်စု လွှတ်တော်တွင် ဆွေး နွေးတင်ပြခဲ့ခြင်း ဖြစ်သည်။
“ဒေသခံတို့ရဲ့ လျှပ်စစ်လိုအပ်ချက် အဆက်မပြတ်အောင် ဝန်ကြီးဌာနက စေတနာလွန်ကဲပြီးတော့ ဒေါ်လာစိုက်ထုတ်ပေးတာကို ထားလိုက်ပါ။ ဒေါ်လာနဲ့ စိုက်ပေးရင်ဒေါ်လာနဲ့ ပြန်ပေါင်းရမယ်ဆိုတာ မသိဘူးဆိုလို့ ရှိရင်ဝန်ကြီးလုပ်ဖို့ မကောင်းတော့ပါဘူး”ဟု ဦးမောင်မြင့်က ထပ်မံပြောသည်။
Ref-Akonthi #Myanmar_Online_News
>>Zawgyi<<
ပြည်သူ့ရဲ့လစာကို စားရင် ပြည်သူ့မျက်နှာကို ကြည့်ရမယ်ဆိုတာ ကျွန်တော်သတိ ပြုစေလိုပါတယ်ဟု မင်းကင်းအမတ် ဦးမောင်မြင့် လွှတ်တော်တွင် စာရင်းစစ်ချုပ်ရုံးကို သတိပေးပြောကြား
Friday , February 14 , 2020
ဖေဖေါ်ဝါရီ ၁၃ ရက်တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင် ခံစာ၏ စစ်ဆေးတွေ့ရှိချက်အပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ဆွေးနွေးရာ၌ " ပြည်သူ့လစာစားပါက ပြည်သူကို မျက်နှာမူရမည်ဟု ပြည်ခိုင်ဖြိုးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦး မောင်မြင့်က ပြည်ထောင်စုလွှတ်တော်တွင် ပြောသည်။မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ ် ဦးမောင်မြင့်က တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သ ည်။
“ စာရင်းစစ်ချုပ်ရုံးအနေနဲ့ ဝန်ကြီးဌာနတွေရဲ့တစ်နေ့တာ လုပ်ဆောင်ရတာတွေကို စစ်ဆေးရတာဖြစ်လို့ ခက်ခဲပင်ပန်းမယ်ဆို တာ ကိုယ်ချင်းစာသလို နားလည်းလည်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ဝန်ကြီးဌာနအနေနဲ့ လုပ်ထုံးတွေအပေါ် ကျော်လွန်ပြီး GGS ကုမ္ပဏီအပေါ် ဒေါ်လာ ၄ ဒသမ ၅ သန်းကျော် စိုက်ထုတ်ကျခံပေးခဲ့တာကိုလည ်းကောင်း၊ ထိုင်းငွေကြေးတန်ဖိုးအရ ဒေါ်လာ ၅ သိန်းကျော် ဆုံးရှုံးခဲ့တာကိုလည်းကောင်း ဘယ်လို အရေးယူဆောင်ရွက်မယ်ဆိုတာကို ရှင်းလင်းစွာ မှတ်ချက်မပြုလို့ စိတ်ပျက် မိပါတယ်။ ပြည်သူ့ရဲ့လစာကို စားရင် ပြည်သူ့မျက်နှာကို ကြည့်ရမယ်ဆိုတာ ကျွန်တော်သတိ ပြုစေလိုပါတယ်” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း ဂလိုဘယ်ဂရန်းကုမ္ပဏီနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြာ း ငွေကြေး အရှုပ်အရှင်းကိစ္စအပေါ် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ ် ဦးမောင်မြင့်က ပြည်ထောင်စု လွှတ်တော်တွင် ဆွေး နွေးတင်ပြခဲ့ခြင်း ဖြစ်သည်။
“ဒေသခံတို့ရဲ့ လျှပ်စစ်လိုအပ်ချက် အဆက်မပြတ်အောင် ဝန်ကြီးဌာနက စေတနာလွန်ကဲပြီးတော့ ဒေါ်လာစိုက်ထုတ်ပေးတာကို ထားလိုက်ပါ။ ဒေါ်လာနဲ့ စိုက်ပေးရင်ဒေါ်လာနဲ့ ပြန်ပေါင်းရမယ်ဆိုတာ မသိဘူးဆိုလို့ ရှိရင်ဝန်ကြီးလုပ်ဖို့ မကောင်းတော့ပါဘူး”ဟု ဦးမောင်မြင့်က ထပ်မံပြောသည်။
Ref-Akonthi #Myanmar_Online_News
No comments:
Post a Comment