ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းကစစ်ကိုင်းတက္ကသိုလ် မေဂျာပေါင်းစုံ ဈေးရောင်းပွဲတော်ကို အဆိုပါတက္ကသိုလ်ရှိ အဓိပပတိလမ်းမကြီးတွင် ကျင်းပရာတွင် "တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်" (Thanakha Campaign )ပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ "တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်"(Thanakha Campaign ) ကို Environmental Society Sagaing University အဖွဲ့ကနေဦးစီးပြီးတော့ ပထမအကြိမ် ကျင်းပတာဖြစ်သည်။
"တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်" (Thanakha Campaign )တွင်ကျောင်းသူ၊ကျောင်းသားများ တစ်ဦး နဲ့ တစ်ဦး ချစ်ခင်ရင်းနှီးစွာ သနပ်ခါးလိမ်းပေးပြီး သနပ်ခါးလေးနဲ့ ဓါတ်ပုံရိုက်ကူးနိုင်ရန် Photo Booth ထားရှိပေးထားပြီး ''Campaign လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာရိုးရာသနပ်ခါးကို အစဉ်အလာမပျက် မြတ်နိုးတန်ဖိုးထားစေချင်ပြီး တိမ်ကောမပျောက်ကွယ်သွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတက္ကသိုလ် မေဂျာပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပရာ အဆိုပါ တက္ကသိုလ်ရှိ အဓိပပတိလမ်းမကြီးမှာ ဈေးဆိုင်ခန်းပေါင်း ၁၆ ခန်းနဲ့ ခင်းကျင်း ရောင်းချကြပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Ref : voiceofmyanmar #Myanmar_Online_News
>>Zawgyi<<
"တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်"အစီအစဉ် စစ်ကိုင်းတက္ကသိုလ်တွင် ကျင်းပ
Tuesday , February 11 , 2020
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းကစစ်ကိုင်းတက္ကသိုလ် မေဂျာပေါင်းစုံ ဈေးရောင်းပွဲတော်ကို အဆိုပါတက္ကသိုလ်ရှိ အဓိပပတိလမ်းမကြီးတွင် ကျင်းပရာတွင် "တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်" (Thanakha Campaign )ပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ "တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်"(Thanakha Campaign ) ကို Environmental Society Sagaing University အဖွဲ့ကနေဦးစီးပြီးတော့ ပထမအကြိမ် ကျင်းပတာဖြစ်သည်။
"တူယှဉ်နွှဲပျော် သနပ်ခါးပွဲတော်" (Thanakha Campaign )တွင်ကျောင်းသူ၊ကျောင်းသားများ တစ်ဦး နဲ့ တစ်ဦး ချစ်ခင်ရင်းနှီးစွာ သနပ်ခါးလိမ်းပေးပြီး သနပ်ခါးလေးနဲ့ ဓါတ်ပုံရိုက်ကူးနိုင်ရန် Photo Booth ထားရှိပေးထားပြီး ''Campaign လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာရိုးရာသနပ်ခါးကို အစဉ်အလာမပျက် မြတ်နိုးတန်ဖိုးထားစေချင်ပြီး တိမ်ကောမပျောက်ကွယ်သွားအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတက္ကသိုလ် မေဂျာပေါင်းစုံ ဈေးရောင်းပွဲတော်ကျင်းပရာ အဆိုပါ တက္ကသိုလ်ရှိ အဓိပပတိလမ်းမကြီးမှာ ဈေးဆိုင်ခန်းပေါင်း ၁၆ ခန်းနဲ့ ခင်းကျင်း ရောင်းချကြပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Ref : voiceofmyanmar #Myanmar_Online_News

0 comments:
Post a Comment