တူရကီနိုင်ငံ အစ္စတန်ဘူးလ်လေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် ဘိုးအင်း ၇၃၇ လေယာဉ်တစ်စီး ပေ ၂ဝဝခန့် လမ်းချော်ခဲ့ပြီးနောက် မီးလောင်ကာ မြောင်းတစ်ခုအတွင်းသို့ထိုးကျသွားသဖြင့် လေယာဉ် ၃ ပိုင်းကျိုးသွားရာ လူ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၇၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၁၈၃ ဦးပါဝင်ခဲ့ရာ လေယာဉ်အမှုထမ်းများလည်း ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်မှူးနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ကနဦးသိရသည်။
အဆိုပါလေယာဉ်သည် တူရကီနိုင်ငံတွင်းပြေးဆွဲသော ခရီးစဉ်တစ်ခုအရ နိုင်ငံအနောက်ပိုင်းရှိ Izmir မြို့မှ ပျံသန်းလာခြင်းဖြစ်ပြီး အစ္စတန်ဘူးလ်မြို့့ရှိ Sabiha Gokcen လေဆိပ်သို့ဆင်းသက်စဉ်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းပင်။ လေယာဉ်ဆင်းသက်နေစဉ်တွင် လေယာဉ်၏နောက်ဖက်မှ လေတိုက်ခတ်မှု(high tail wind) ပြင်းထန်နေခဲ့ကြောင်းသိရသည်။
အချက်အလက် အသေးစိပ်ကို မသိရှိရသေးချေ။

Source: Daily Mail
>>Zawgyi<<
တူရကီတွင် လေယာဉ်တစ်စီး လမ်းချော်၊ မီးလောင်၊ မြောင်းထဲထိုးကျ၊ ၃ ပိုင်းကျိုး
Thursday , February 6 , 2020
တူရကီနိုင်ငံ အစ္စတန်ဘူးလ်လေဆိပ် လေယာဉ်ပြေးလမ်းပေါ်တွင် ဘိုးအင်း ၇၃၇ လေယာဉ်တစ်စီး ပေ ၂ဝဝခန့် လမ်းချော်ခဲ့ပြီးနောက် မီးလောင်ကာ မြောင်းတစ်ခုအတွင်းသို့ထိုးကျသွားသဖြင့် လေယာဉ် ၃ ပိုင်းကျိုးသွားရာ လူ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၇၉ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၁၈၃ ဦးပါဝင်ခဲ့ရာ လေယာဉ်အမှုထမ်းများလည်း ဒဏ်ရာရရှိခဲ့ပြီး လေယာဉ်မှူးနှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ကနဦးသိရသည်။
အဆိုပါလေယာဉ်သည် တူရကီနိုင်ငံတွင်းပြေးဆွဲသော ခရီးစဉ်တစ်ခုအရ နိုင်ငံအနောက်ပိုင်းရှိ Izmir မြို့မှ ပျံသန်းလာခြင်းဖြစ်ပြီး အစ္စတန်ဘူးလ်မြို့ရှိ Sabiha Gokcen လေဆိပ်သို့ဆင်းသက်စဉ်တွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းပင်။ လေယာဉ်ဆင်းသက်နေစဉ်တွင် လေယာဉ်၏နောက်ဖက်မှ လေတိုက်ခတ်မှု(high tail wind) ပြင်းထန်နေခဲ့ကြောင်းသိရသည်။
အချက်အလက် အသေးစိပ်ကို မသိရှိရသေးချေ။
Source: Daily Mail

0 comments:
Post a Comment