Thursday, February 13, 2020

ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ရှေးဟောင်းဆင်းတုတော် ၈ ဆူ ခိုးယူခံရ

No photo description available.
မကွေးတိုင်းတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှေးဟောင်းဘုရား ဆင်းတုတော် ၈ ဆူအခိုးခံခဲ့ရမှုနှင့်ပတ်သက်၍ မြိုင်မြို့မရဲစခန်းတွင် သာသနာညှိုးနွမ်းစေမှု၊ ခိုးမှုတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သရက်ကွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်နိုင်က ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝ ရက်ညပိုင်းက သရက်ကွကျေးရွာ ဘုန်းကြီးကျောင်းတွင် ကိုးကွယ်ထားရှိသည့် နှစ်ပေါင်း ၂ဝဝ နီးပါး သက်တမ်းရှိ ရှေးဟောင်းသစ်သားဆင်းတုတော် ၈ ဆူ အခိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)မှာ အမှုဖြစ်စဉ်ဖြစ်ကြောင်းကုန် စင်ကို မြိုင်မြို့မရဲစခန်းမှာ စာရေးပြီးတော့ အမှုဖွင့်လှစ်တိုင်ကြားခဲ့တယ်။ တိုင်ပြီးပြီးချင်းပဲ စခန်းမှူးနဲ့ တာဝန်ရှိတဲ့သူတွေ ဘုန်းကြီးကျောင်းကို ချက်ချင်းလာပြီး စစ်ဆေးကြည့်ရှုသွားတယ်။ သူတို့ဘက်ကတော့ အတတ်နိုင်ဆုံး ပေါ်ပေါက်အောင်ဆောင်ရွက်မယ်ဆိုပြီး ဆရာတော်ကို ကတိပေးသွားပါတယ်။ ခိုးမှုနဲ့ သာသနာညှိုးနွမ်း စေမှုစတဲ့ ပုဒ်မ၂ ခုနဲ့ ဖွင့်ထားတယ်''ဟု ဦးဇော်နိုင်က ပြောသည်။
မြိုင်မြို့နယ်တဝိုက်တွင် ရှေးဟောင်းဘုရားခိုးယူခံရမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး အချို့မှာ ဖမ်းဆီးရမိမှုများရှိသော်လည်း အချို့ကို ယနေ့ချိန်ထိ ဖမ်းဆီးရမိမှုများမရှိသေးကြောင်း၊ ယခု ဆင်းတုတော် ၈ ဆူပျောက်ဆုံးသည့် ဘုန်းကြီးကျောင်းတွင် အခြားရှေးဟောင်း ပေ၊ ပုရပိုက်များနှင့် ရှေးဟောင်းပစ္စည်းများစွာ ကျန်ရှိနေသည့်အတွက် ကျောင်းတွင်ရှိသည့် ရဟန်းသံဃာတော်များ၊ ကျေးရွာသူကျေးရွာသားများက လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ စောင့်ကြပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။
နှစ်ပေါင်း ၁၅ဝ ကျော် ၂ဝဝ လောက်တော့ရှိပြီ ဘုန်းကြီးတွေအဆက်ဆက် ကျောင်းထိုင်တာပေါ့။ ပျောက်သွားတဲ့ ဆင်းတုတော်တွေကလည်း နှစ်ပေါင်း ၂ဝဝ လောက်ရှိပြီး အစဉ်အဆက်ထိန်း သိမ်းထားခဲ့ ကြတာပေါ့။ အခု သရက်ကွကျေးရွာမှာ ဘုန်းဘုန်းညီကျောင်းထိုင်နေတုန်းဖြစ်သွားတာပေါ့။ သူကပထမ ၂ ရက် လောက်က ကျောင်းက ကပ္ပိယပြောတာကတော့ လူစိမ်းတချို့ကိုတွေ့တယ်ပေါ့။ တနင်္လာနေ့ည ၁၂ နာရီ လောက်မှာ ကျောင်းက ခွေးတွေကလည်းဟောင်နေ တယ်။ ဦးဇင်းတွေကလည်း ဒီတိုင်းထင်လို့ ထမကြည့်ဘူး၊ နောက်နေ့ ဦးဇင်းတပါးဝင်ကြည့်မှ ဘုရား ၈ ဆူပါသွားတာကို သိရတာ''ဟု သရက်ကွကျေးရွာ ဇာတိဖြစ်သည့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သာသနပါရဂူစာသင်တိုက် တိုက်အုပ်ဆရာတော်ဦးပညာသိရီက မိန့်ကြားသည်။
Image may contain: sky and outdoor
No photo description available.
Image may contain: one or more people and outdoor
Image may contain: indoor
Ref-New Watchs #Myanmar_Online_News
>>Zawgyi<<
ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ရှေးဟောင်းဆင်းတုတော် ၈ ဆူ ခိုးယူခံရ
Friday , February 14 , 2020
မကွေးတိုင်းတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ သရက်ကွကျေးရွာ ဘုန်းကြီးကျောင်းတွင် ရှေးဟောင်းဘုရား ဆင်းတုတော် ၈ ဆူအခိုးခံခဲ့ရမှုနှင့်ပတ်သက်၍ မြိုင်မြို့မရဲစခန်းတွင် သာသနာညှိုးနွမ်းစေမှု၊ ခိုးမှုတို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သရက်ကွကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဇော်နိုင်က ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝ ရက်ညပိုင်းက သရက်ကွကျေးရွာ ဘုန်းကြီးကျောင်းတွင် ကိုးကွယ်ထားရှိသည့် နှစ်ပေါင်း ၂ဝဝ နီးပါး သက်တမ်းရှိ ရှေးဟောင်းသစ်သားဆင်းတုတော် ၈ ဆူ အခိုးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)မှာ အမှုဖြစ်စဉ်ဖြစ်ကြောင်းကုန် စင်ကို မြိုင်မြို့မရဲစခန်းမှာ စာရေးပြီးတော့ အမှုဖွင့်လှစ်တိုင်ကြားခဲ့တယ်။ တိုင်ပြီးပြီးချင်းပဲ စခန်းမှူးနဲ့ တာဝန်ရှိတဲ့သူတွေ ဘုန်းကြီးကျောင်းကို ချက်ချင်းလာပြီး စစ်ဆေးကြည့်ရှုသွားတယ်။ သူတို့ဘက်ကတော့ အတတ်နိုင်ဆုံး ပေါ်ပေါက်အောင်ဆောင်ရွက်မယ်ဆိုပြီး ဆရာတော်ကို ကတိပေးသွားပါတယ်။ ခိုးမှုနဲ့ သာသနာညှိုးနွမ်း စေမှုစတဲ့ ပုဒ်မ၂ ခုနဲ့ ဖွင့်ထားတယ်''ဟု ဦးဇော်နိုင်က ပြောသည်။
မြိုင်မြို့နယ်တဝိုက်တွင် ရှေးဟောင်းဘုရားခိုးယူခံရမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး အချို့မှာ ဖမ်းဆီးရမိမှုများရှိသော်လည်း အချို့ကို ယနေ့ချိန်ထိ ဖမ်းဆီးရမိမှုများမရှိသေးကြောင်း၊ ယခု ဆင်းတုတော် ၈ ဆူပျောက်ဆုံးသည့် ဘုန်းကြီးကျောင်းတွင် အခြားရှေးဟောင်း ပေ၊ ပုရပိုက်များနှင့် ရှေးဟောင်းပစ္စည်းများစွာ ကျန်ရှိနေသည့်အတွက် ကျောင်းတွင်ရှိသည့် ရဟန်းသံဃာတော်များ၊ ကျေးရွာသူကျေးရွာသားများက လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ စောင့်ကြပ်လျက်ရှိကြောင်း ၎င်းက ပြောသည်။
နှစ်ပေါင်း ၁၅ဝ ကျော် ၂ဝဝ လောက်တော့ရှိပြီ ဘုန်းကြီးတွေအဆက်ဆက် ကျောင်းထိုင်တာပေါ့။ ပျောက်သွားတဲ့ ဆင်းတုတော်တွေကလည်း နှစ်ပေါင်း ၂ဝဝ လောက်ရှိပြီး အစဉ်အဆက်ထိန်း သိမ်းထားခဲ့ ကြတာပေါ့။ အခု သရက်ကွကျေးရွာမှာ ဘုန်းဘုန်းညီကျောင်းထိုင်နေတုန်းဖြစ်သွားတာပေါ့။ သူကပထမ ၂ ရက် လောက်က ကျောင်းက ကပ္ပိယပြောတာကတော့ လူစိမ်းတချို့ကိုတွေ့တယ်ပေါ့။ တနင်္လာနေ့ည ၁၂ နာရီ လောက်မှာ ကျောင်းက ခွေးတွေကလည်းဟောင်နေ တယ်။ ဦးဇင်းတွေကလည်း ဒီတိုင်းထင်လို့ ထမကြည့်ဘူး၊ နောက်နေ့ ဦးဇင်းတပါးဝင်ကြည့်မှ ဘုရား ၈ ဆူပါသွားတာကို သိရတာ''ဟု သရက်ကွကျေးရွာ ဇာတိဖြစ်သည့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သာသနပါရဂူစာသင်တိုက် တိုက်အုပ်ဆရာတော်ဦးပညာသိရီက မိန့်ကြားသည်။
Ref-New Watchs #Myanmar_Online_News

No comments:

Post a Comment