ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းညှင်းမြို့နယ် ဝမ်အွန်ကျေးရွာအုပ်စုရှိ အဲန်တိုင်ရင်းသားတွေနေထိုင်တဲ့ အန်ဝမ်မတ်ကျေးရွာတွင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ရက်၊ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှုးရုံးထံမှ သိရပါတယ်။
အဲဒီလို မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ၆၀ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးဒဏ်ခံခဲ့ရတဲ့ အိမ်ခြေ၆၀ ကျော်က ပြည်သူတွေအနေနဲ့စားသောက်နေထိုင်ရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။
"မီးပွားလွှင့်တာကနေ စလောင်တယ်လို့ ပြောတာပဲ။ သူတို့က အိမ်အလယ်မှာ မီးဖိုထားပြီး မီးအမြဲတမ်း မွှေးထားတဲ့ အလေ့အထရှိတယ်။ လောလောဆယ်မှာတော့ အဆောက်အဦးပြန်ဆောက်ဖို့နဲ့ မျိုးစပါးအတွက် သူတို့မှာ အခက်အခဲဖြစ်နေတယ်။ နောက်တစ်ခုက ပိတ်စအမဲပေါ့။ သူတို့က ပိတ်စအမဲပဲ ဝတ်တာ။ ကျန်တဲ့အဝတ်အစားတွေ မလိုဘူး"လို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးဝင်းမင်းသိန်းက ပြောပါတယ်။
မီးဘေးဒဏ်ခံခဲ့ရတဲ့ ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်း ၂၁မျိုး၊ ပုံး၆၀နဲ့ ထောက်ပံ့ငွေ အိမ်တစ်လုံးလျှင်၁သိန်းနှုန်း၊ လူတစ်ဦးလျှင် ဆန်ဖိုးငွေ၂၁၀၀နှုန်း၊ စုစုပေါင်း၆၇၆၂၃၀၀ကျပ်နဲ့ လွယ်မွေဆောက်လုပ်ရေးCo.ltd မှ ဆန်နဲ့စားစရာတွေ၊ ဒေသခံဝန်ထမ်းတွေမှ အဝတ်အထည်စားစရာနဲ့ လူသုံးကုန်ပစ္စည်းတွေ သွားရောက်ထောက်ပံ့ခဲ့ကြောင်းကိုလည်း သိရပါတယ်။
အဆိုပါအဲန်တိုင်းရင်းသားတွေကို ထောက်ပံ့ကူညီနိုင်ရန်အတွက် ကျိုင်းတုံခရိုင်အတွင်းရှိ မြို့တွေမှာ အလှူခံပြီး ရရှိလာတဲ့ အလှူငွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို သွားရောက်ထောက်ပံ့ပေးရန်အတွက်လည်း စီစဉ်နေတယ်လို့လည်း သိရပါတယ်။

>>Zawgyi<<
အဲန်တိုင်ရင်းသားများနေထိုင်သည့် အန်ဝမ်မတ်ကျေးရွာ အိမ်ခြေ ၆၀ ခန့် မီးလောင်
Friday , February 14 , 2020

#Myanmar_Online_News
No comments:
Post a Comment