ရက်ပိုင်းအတွင်း 2019 n-CoV “ဝူဟန်ကိုရိုနာဗိုင်းရပ်စ်”ကူးစက်ခံထားရသူ ၁၀ ဦးတွေ့ရှိခြင်းဖြင့် လတ်တလော ဗိုင်းရပ်စ်ခြိမ်းခြောက်မှု ရင်ဆိုင်နေရသည့် ထိုင်ဝမ်နိုင်ငံတွင် လွန်ခဲ့သည့် ၃ လအတွင်း H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦး ရှိခဲ့ကြောင်း ထိုင်ဝမ်ရောဂါထိန်းချုပ်ရေးဗဟို ( CDC ) က ပြောဆိုသည်ဟု South China Morning Post က ယနေ့ရေးသားသည်။
လူဦးရေ ၂၄ သန်းခန့်ရှိသော ကျွန်းနိုင်ငံတွင် “ဝူဟန်ကိုရိုနာဗိုင်းရပ်စ်” ကူးစက်ခံထားရသော်လည်း အဖိတ်အစင် မရှိသေးပဲ လောလောဆယ် ပိုမိုခြိမ်းခြောက်လျှက်ရှိသည်မှာ “ရာသီချိန်တုပ်ကွေး” ဖြစ်သည်ဟု ဆိုသည်။ ဝက်များမှ ကူးစက်သည့် Influenza A virus subtype H1N1/09 ခေါ် တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ထိုင်ဝမ်နိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း သေဆုံးသူ ၁၃ဦး ရှိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သော ဒီဇင်ဘာလ၌ အသက်ရှူလမ်းကြောင်းပျက်စီး၍ အဆိုပါသေဆုံးသူများမှာ ၄၇ နှစ်မှ ၉၇ နှစ်အတွင်း အသက်အရွယ်ရှိကြသူများဖြစ်သည်။
H1N1ဗိုင်းရပ်စ်ကူးစက်၍ ထိုင်ဝမ်တွင် လူပေါင်း ၇၇၁ ဦး နာဖျားခဲ့ကြရသည်။ သေဆုံးကြရခြင်းတို့တွင် အသက် ၅၀ မှ ၆၄ နှစ်အရွယ် ၃၂ ရာခိုင်နှုန်း၊ ၆၅ နှစ်အထက် ၄၁ ရာခိုင်နှုန်းရှိကြပြီး သေဆုံးရခြင်း၏ ၉၈ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး မရရှိသောကြောင်ြ့ဖစ်သည်။
ဝက်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်၍ “ ဝက်တုပ်ကွေး “ ဟု မီဒီယာတို့က အမည်ပေးခဲ့ကြသည့် အဖျားရောဂါကြောင့် ၂၀၀၉ - ၂၀၁၀ ခုနှစ် အတွင်း လူပေါင်း ၁၇,၀၀၀ သေဆုံးရပြီး ကမ႓္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် နာမည်ဆိုးသမိုင်းတွင် ခဲ့သည်။
မျက်မှောက်နိုင်ငံတကာတွင် 2019 n-CoV ကြောင့် ယမန်နေ့အထိ လူ ၆၄ ဦး ထပ်မံသေဆုံးခဲ့ရာ “ဝူဟန် ကိုရိုနာဗိုင်းရပ်စ်” ကြောင့် သေဆုံးသူ ၄၂၆ ဦးရှိလာကြောင်း Johns Hopkins’s CSSE က ယနေ့ဖော်ပြသည်။
ကမ႓္ဘာ့တစ်ဝန်းလုံး အနေဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀,၅၈၈ ဦးရှိပြီး ကုသပျောက်ကင်းသူ ၆၄၄ ဦးရှိသည်။ သေဆုံးသူအများစုမှာ တရုတ်တစ်နိုင်ငံတည်းမှဖြစ်ပြီး ဖိလစ်ပိုင်မှ ၁ ဦးပါဝင်သည်။ ဟူဘေးပြည်နယ်သည် သေဆုံးမှု အများဆုံးဖြစ်ပြီး ၄၁၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
Source - Htay Oung
<zawgyi>
ကိုရိုနာဗိုင်းရပ်စ်ကြောက်နေရသော ထိုင်ဝမ်တွင် H1N1 ဝက်တုပ်ကွေးဖြင့် ၃ လအတွင်း ၅၆ ယောက်သေဆုံး
Tuesday , February 4 , 2020

No comments:
Post a Comment