Friday, March 27, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်

Image may contain: one or more people, people standing, people walking and outdoor

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွါးရေးလုပ်ငန်းတွေရပ်နားထားရချိန်မှာ အမေရိကန်အလုပ်လက်မဲ့ဦးရေဟာလည်း စံချိန်တင်မြင့်တက်လျှက်ရှိပါတယ်။

မတ်၂၁ရက်သီတင်းပတ်ကုန်အထိ အလုပ်လက်မဲ့စာရင်းသွင်းထားသူဦးရေဟာ ၃ဒသမ၃သန်းနီးပါးရှိကြောင်း အမေရိကန် အလုပ်သမားရေးရာဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ဒါဟာ ၁၉၈၂ခုနှစ်မှာ ရှိထားတဲ့ စံချိန်တင်အလုပ်လက်မဲ့စာရင်း ၆၉၅၀၀၀ ထက် ငါးဆနီးပါးပိုများလာတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဦးရေဟာ လက်ရှိအချိန်ထိ ၈၃၅၀၀ကျော်ရှိပြီး အခြားနိုင်ငံတွေရဲ့ ကူးစက်မှုနှုန်းထက် ပိုမို မြင့်မားနေပြီး တရုတ်နိုင်ငံထက်ပင် ကျော်သွားပြီဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အရေအတွက်က တစ်ခြားနိုင်ငံတွေထက် နည်းနေသေးပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၉၁ ဦး၊ အီတလီနိုင်ငံမှာ ၈၂၁၅ဦးထိရှိနေပါတယ်။
Source- မျိုးဆက် #Myanmar_Online_News

>>zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်မှာ အလုပ်လက်မဲ့ဦးရေ စံချိန်တင်မြင့်တက်
Friday, March 27, 2020

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွါးရေးလုပ်ငန်းတွေရပ်နားထားရချိန်မှာ အမေရိကန်အလုပ်လက်မဲ့ဦးရေဟာလည်း စံချိန်တင်မြင့်တက်လျှက်ရှိပါတယ်။
မတ်၂၁ရက်သီတင်းပတ်ကုန်အထိ အလုပ်လက်မဲ့စာရင်းသွင်းထားသူဦးရေဟာ ၃ဒသမ၃သန်းနီးပါးရှိကြောင်း အမေရိကန် အလုပ်သမားရေးရာဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ဒါဟာ ၁၉၈၂ခုနှစ်မှာ ရှိထားတဲ့ စံချိန်တင်အလုပ်လက်မဲ့စာရင်း ၆၉၅၀၀၀ ထက် ငါးဆနီးပါးပိုများလာတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဦးရေဟာ လက်ရှိအချိန်ထိ ၈၃၅၀၀ကျော်ရှိပြီး အခြားနိုင်ငံတွေရဲ့ ကူးစက်မှုနှုန်းထက် ပိုမို မြင့်မားနေပြီး တရုတ်နိုင်ငံထက်ပင် ကျော်သွားပြီဖြစ်ပါတယ်။
ဒါပေမယ့် အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ အရေအတွက်က တစ်ခြားနိုင်ငံတွေထက် နည်းနေသေးပါတယ်။ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၉၁ ဦး၊ အီတလီနိုင်ငံမှာ ၈၂၁၅ဦးထိရှိနေပါတယ်။
Source- မျိုးဆက် #Myanmar_Online_News

No comments:

Post a Comment