Monday, March 9, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သီတဂူရေအလှူတော်ရေစက်အမှတ်-၁ ထုံးဘိုစက်ရုံဖွင့်လှစ်သည့် မင်္ဂလာအခမ်းအနားသို့တက်ရောက်

Image may contain: 8 people, people standing and indoor

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်၍ ၁၉၈၀ မှ ၂၀၂၀ အထိ စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့ကို ဧရာဝတီမြစ်ရေဖြင့် ရေပေးဝေဖြန့်ဖြူးခဲ့သည့် သီတဂူရေအလှူတော်သည် နှစ်-၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းပေးခဲ့ကြသော ငွေပဒေသာပင်များကြောင့် စက်ရုံသစ်များ တည်ဆောက်နိုင်ခဲ့ပြီး ပိုက်လိုင်းအသစ်များ အစားထိုးသုံးစွဲနိုင်ခဲ့ခြင်း၊ နည်းပညာအသစ်များနှင့် စက်သစ်များကို ပြောင်းလဲအသုံးပြုနိုင်ခဲ့သည်။
တပေါင်းလပြည့်ကျော်-၁ရက်နေ့ ၉-၃-၂၀၂၀ ရက်နေ့၊ နေ့ခင်း ၁၂:၀၀ နာရီအချိန်တွင် သီတဂူရေအလှူတော် စက်ရုံအမှတ်-၁ (ထုံးဘို)ကို စက်ရုံသစ်၊ စက်သစ်များဖြင့် ဖွင့်လှစ်ခဲ့ခြင်း မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
ယခုကဲ့သို့ နှစ်-၄၀ ရေအလှူတော်ခရီးမှ နောင်နှစ်ပေါင်းများစွာအထိ စိန်ရတုအဆူဆူ ဖြတ်သန်းနိုင်စေရန် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါတရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် "သာဓု သာဓု သာဓု" ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
Image may contain: 17 people, people standing
Image may contain: 11 people, people standing
Image may contain: 12 people, people standing
Image may contain: 3 people, people standing
Image may contain: 1 person, sitting
Image may contain: 7 people, people standing and indoor
Image may contain: 3 people
Image may contain: 7 people, people standing and indoor
Image may contain: 6 people, people standing
Image may contain: 2 people, people sitting
Image may contain: 8 people, indoor
Image may contain: 17 people, people standing
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။(သီတဂူသာသနာပြုအဖွဲ့)
Posted by သီတဂူသတင်း

>>Zawgyi<<
"တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သီတဂူရေအလှူတော်ရေစက်အမှတ်-၁ ထုံးဘိုစက်ရုံဖွင့်လှစ်သည့် မင်္ဂလာအခမ်းအနားသို့တက်ရောက်”
Tuesday, March 10, 2020

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဦးဆောင်၍ ၁၉၈၀ မှ ၂၀၂၀ အထိ စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့ကို ဧရာဝတီမြစ်ရေဖြင့် ရေပေးဝေဖြန့်ဖြူးခဲ့သည့် သီတဂူရေအလှူတော်သည် နှစ်-၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အလှူရှင်များ၏ ပံ့ပိုးလှူဒါန်းပေးခဲ့ကြသော ငွေပဒေသာပင်များကြောင့် စက်ရုံသစ်များ တည်ဆောက်နိုင်ခဲ့ပြီး ပိုက်လိုင်းအသစ်များ အစားထိုးသုံးစွဲနိုင်ခဲ့ခြင်း၊ နည်းပညာအသစ်များနှင့် စက်သစ်များကို ပြောင်းလဲအသုံးပြုနိုင်ခဲ့သည်။
တပေါင်းလပြည့်ကျော်-၁ရက်နေ့ ၉-၃-၂၀၂၀ ရက်နေ့၊ နေ့ခင်း ၁၂:၀၀ နာရီအချိန်တွင် သီတဂူရေအလှူတော် စက်ရုံအမှတ်-၁ (ထုံးဘို)ကို စက်ရုံသစ်၊ စက်သစ်များဖြင့် ဖွင့်လှစ်ခဲ့ခြင်း မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
ယခုကဲ့သို့ နှစ်-၄၀ ရေအလှူတော်ခရီးမှ နောင်နှစ်ပေါင်းများစွာအထိ စိန်ရတုအဆူဆူ ဖြတ်သန်းနိုင်စေရန် ပါဝင်ဆောင်ရွက်ခဲ့သည့် အစိုးရမင်းအဆက်ဆက်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအပေါင်းနှင့် အလှူရှင်များအားလုံး၏ မွန်မြတ်လှစွာသော သဒ္ဓါတရားကို သီတဂူဆရာတော်ကြီး အမှူးရှိသည့် သီတဂူသာသနာပြုအဖွဲ့ကြီးက ဝမ်းမြောက်နုမော် "သာဓု သာဓု သာဓု" ခေါ်ဆိုပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။(သီတဂူသာသနာပြုအဖွဲ့)
Posted by သီတဂူသတင်း

No comments:

Post a Comment