မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျပ်သိန်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ကမ္ဘောဇဘဏ်က လှူဒါန်းလျက်ရှိသည်။
ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့မှ မတ်လ ၁၈ ရက်နေ့မှစတင်၍ လှူဒါန်းမှုများပြုလုပ်ခဲ့ရာ ထိုနေ့တွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် သံသယနှင့်ကူးစက်ခံရသော လူနာမျာအတွက် ကနဦးမ,တည်ငွေ ကျပ်သိန်း (၁,၀၀၀) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။
ထို့နောက် ကျပ် သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း ခုရေ ၄၀၀,၀၀၀ လှူဒါန်းရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ရာ ရွှေလီမြို့သို့ရောက်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း လှူဒါန်းသွားမည်ဖြစ်သည်။ထို့အပြင် ပြည်တွင်းဈေးကွက်တွင် ပစ္စည်းများရှားပါးပြတ်လပ်မှုမရှိစေရန်အတွက် ဥရောပအရည် အသွေးမီ ဆေးရုံသုံးပစ္စည်းများဖြစ်သည့် ခေါင်းစွပ်၊ မျက်မှန်၊ နှာခေါင်းစီး၊ လက်အိပ်များ အပြည့်အစုံပါဝင်သော CE Standard PPE ဝတ်စုံ ၂၁,၀၀၀နှင့် ၅၀၀ မီလီ ပါဝင်သည့် Hand Gel ဘူး ၁၀,၀၀၀ တို့ကို ကမ္ဘောဇဘဏ်က တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူထားပြီး အမြန်ဆုံးလှူဒါန်းသွားမည်ဖြစ်သည်။
ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရနှင့်ပူးပေါင်း၍ ဆန် ၂ ပြည်၊ ဆီ ၁ ဗူး၊ ကုလားပဲ ၁ ပိသာ နှင့် ငွေကျပ် ၁ သောင်းစီပါသော ရိက္ခာထုပ်ပေါင်း ၁၀၀,၀၀၀ ကို အရေးပေါ်ကြုံတွေ့လာပါက လှူဒါန်းသွားရန် ကမ္ဘောဇဘဏ်မှ အသင့်ပြင်ဆင်ထားသည်။ကမ္ဘောဇဘဏ်သည် မတ်လ ၂၆ ရက်နေ့အထိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်ထားပြီး ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်း သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

Source- KBZ Bank #Myanmar_Online_News
>>zawgyi<<
COVID-19 ကာကွယ်ကုသရေးအတွက် သိန်းပေါင်း ၁၄,၀၀၀ ကျော် ကမ္ဘောဇဘဏ် လှူဒါန်း
Friday, March 27, 2020
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကျပ်သိန်း ၁၄,၀၀၀ ကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ကမ္ဘောဇဘဏ်က လှူဒါန်းလျက်ရှိသည်။ကမ္ဘောဇဘဏ်နှင့် KBZ MS General Insurance တို့မှ မတ်လ ၁၈ ရက်နေ့မှစတင်၍ လှူဒါန်းမှုများပြုလုပ်ခဲ့ရာ ထိုနေ့တွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများနှင့် သံသယနှင့်ကူးစက်ခံရသော လူနာမျာအတွက် ကနဦးမ,တည်ငွေ ကျပ်သိန်း (၁,၀၀၀) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့သည်။
ထို့နောက် ကျပ် သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ဆေးရုံသုံးနှာခေါင်းစည်း ခုရေ ၄၀၀,၀၀၀ လှူဒါန်းရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ရာ ရွှေလီမြို့သို့ရောက်ရှိနေပြီး မကြာမီရက်ပိုင်းအတွင်း လှူဒါန်းသွားမည်ဖြစ်သည်။ထို့အပြင် ပြည်တွင်းဈေးကွက်တွင် ပစ္စည်းများရှားပါးပြတ်လပ်မှုမရှိစေရန်အတွက် ဥရောပအရည် အသွေးမီ ဆေးရုံသုံးပစ္စည်းများဖြစ်သည့် ခေါင်းစွပ်၊ မျက်မှန်၊ နှာခေါင်းစီး၊ လက်အိပ်များ အပြည့်အစုံပါဝင်သော CE Standard PPE ဝတ်စုံ ၂၁,၀၀၀နှင့် ၅၀၀ မီလီ ပါဝင်သည့် Hand Gel ဘူး ၁၀,၀၀၀ တို့ကို ကမ္ဘောဇဘဏ်က တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူထားပြီး အမြန်ဆုံးလှူဒါန်းသွားမည်ဖြစ်သည်။
ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရနှင့်ပူးပေါင်း၍ ဆန် ၂ ပြည်၊ ဆီ ၁ ဗူး၊ ကုလားပဲ ၁ ပိသာ နှင့် ငွေကျပ် ၁ သောင်းစီပါသော ရိက္ခာထုပ်ပေါင်း ၁၀၀,၀၀၀ ကို အရေးပေါ်ကြုံတွေ့လာပါက လှူဒါန်းသွားရန် ကမ္ဘောဇဘဏ်မှ အသင့်ပြင်ဆင်ထားသည်။ကမ္ဘောဇဘဏ်သည် မတ်လ ၂၆ ရက်နေ့အထိ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၁၄၀၀၀ ကျော် လှူဒါန်ထားပြီး ဆက်လက်၍လည်း ကမ္ဘောဇဘဏ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်း သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
Source- KBZ Bank #Myanmar_Online_News
No comments:
Post a Comment