Tuesday, March 10, 2020

Covid-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါက (၅)ရက်အတွင်း ရောဂါလက္ခဏာစပြနိုင်ဟု ဆေးပညာရှင်များပြော

လက်ရှိကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများစုဟာ အချိန်နှစ်ပတ်အတွင်းမှာ ရောဂါလက္ခဏာတွေစပြနေကြပေမယ့် အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရပြီးပါက ပျမ်းမျှအချိန် (၅)ရက်အတွင်း ရောဂါလက္ခဏာစပြနိုင်ကြောင်း ဆေးပညာရှင်တွေ့ရဲ့ တွေ့ရှိချက်အသစ်ကို အခုလ(၉)ရက်နေ့ Annals of Internal Medicine ဂျာနယ်မှာ ဖော်ပြထားကြောင်း တွေ့ရှိရပါတယ်။

ရောဂါကူးစက်နိုင်ခြေရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရပါက အချိန်နှစ်ပတ်လောက်သီးသန့်ခွဲထားပြီးလေ့လာစောင့်ကြည့်မှုများ ၊အချိန်နှစ်ပတ်အတွင်း ရောဂါလက္ခဏာစပြနိုင်ကြောင်း အစောပိုင်းက ခန့်မှန်းခဲ့မှုများရှိခဲ့သည်။
သို့သော် လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပါက အချိန်(၅)ရက် အတွင်းမှာပဲ ရောဂါလက္ခဏာ စပြနိုင်တယ်လို့ အခုလို တွေ့ရှိချက် အသစ်ထွက်ပေါ်လာခဲ့သည်။
Johns Hopkins Bloomberg School of Public Health မှ သုတေသနပညာရှင်တွေဟာ တရုတ်နိုင်ငံပြည်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားရတဲ့ ပြည်နယ်တွေနဲ့ ဒေသပေါင်း(၅၀)ရဲ့ အစီရင်ခံစာတွေကို အသေအချာလေ့လာကြည့်ခဲ့ပါတယ်။အဲဒီလိုလေ့လာကြည့်ရာမှာ အချိန်(၅)ရက်အတွင်း ရောဂါလက္ခဏာစပြသူ အယောက်(၁၈၀)ကျော်ကို တွေ့ရှိခဲ့ရကြောင်း ပြောကြားထားသည်။
Ref : OneNews
>>Zawgyi<<

No comments:

Post a Comment