Wednesday, March 25, 2020

COVID-19 နဲ့ပတ်သက်ပြီး အကြောက်လွန် အရမ်းမစိုးရိမ်ဖို့ နဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေခဲ့တဲ့ သက်ထားသူဇာ

Image may contain: 1 person, standing and outdoor
တကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးစက်နေပါပြီ။ ဒါပေမယ့် အကြောက်လွန် အစိုးရိမ်လွန်လို့မဖြစ်ပါဘူးနော်။ ဒီအချိန်ဟာ အချင်းချင်း စည်းလုံးဖေးကူကြရမယ့် အချိန်ဖြစ်ပါတယ်။

ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်စက်ပါ။ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ဖွပ်တာမျိုး လုပ်သင့်ပါတယ်။
တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာပဲနေပါနော်။ မလိုတဲ့လူတွေ အိမ်ပြင်မထွက်ခြင်းအားဖြင့် မဖြစ်မနေ အပြင်သွားနေရတဲ့ လူတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပါတယ်။ အပြင်တွေသွားရင်လည်း တတ်နိုင်သလောက် လူချဲနေခြင်း (Social Distancing)ကို လုပ်ဆောင်ပါ။
အလန့်တကြားနဲ့ စားသောက်ကုန်တွေ ဝယ်ယူသိုလှောင်တာမျိုးလုပ်ရင် ဈေးတွေပိုတက်လာပြီး မဝယ်နိုင်သူတွေကို ဒုက္ခဖြစ်စေတာမို့ ပုံမှန် စားလောက်ရုံ တစ်နေ့တစ်ခါ ဈေးမသွားရရုံလောက်ပဲ ဝယ်ကြရအောင်ပါ။
ကိုယ့်မှာ နေထိုင်မကောင်းဖြစ်ရင်၊ ပိုးကူးစက်နေပြီလို့ သံသယဖြစ်ရင်၊ ဒါမှမဟုတ် ပိုးကူးစက်နေသူနဲ့ လတ်တလောမှာ တွေ့ဆုံထားတယ်ဆိုရင် ကျန်းမာရေးဌာနတွေဆီ သတင်းပို့ပြီး စစ်ဆေးခံပါ။ လူငယ်တွေမှာ ကိုယ်ခံအားကောင်းလို့ နေမကောင်းမဖြစ်ဘူးဆိုရင်တောင် မိမိအနားမှာရှိတဲ့ အသက်ကြီးသူတွေ ကလေးငယ်တွေကို ကိုယ်ကတဆင့် ပိုးဖြန့်ပေးသလို မဖြစ်ပါစေနဲ့လို့ အကြံပြုပါတယ်။
သက်ထားချစ်တဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။
Image may contain: 1 person
Image may contain: 1 person, sitting and indoor
Source- THET HTAR Thuzar #Myanmar_Online_News

>>zawgyi<<
COVID-19 နဲ့ပတ်သက်ပြီး အကြောက်လွန် အရမ်းမစိုးရိမ်ဖို့ နဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေခဲ့တဲ့ သက်ထားသူဇာ
Thursday , March 26 , 2020

တကမ္ဘာလုံးမှာ ပြန့်ပွားကူးစက်နေတဲ့ COVID-19 ဟာ အခုမြန်မာပြည်မှာလည်း ရောက်ရှိကူးစက်နေပါပြီ။ ဒါပေမယ့် အကြောက်လွန် အစိုးရိမ်လွန်လို့မဖြစ်ပါဘူးနော်။ ဒီအချိန်ဟာ အချင်းချင်း စည်းလုံး ဖေးကူကြရမယ့် အချိန်ဖြစ်ပါတယ်။
ကျန်းမာရေးကောင်းအောင် အိပ်ရေးဝဝ အိပ်စက်ပါ။ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ပါ။ လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဝတ်ထားတဲ့အဝတ်အစားတွေကို ချက်ချင်းလျှော်ဖွပ်တာမျိုး လုပ်သင့်ပါတယ်။
တတ်နိုင်သလောက်အပြင်မထွက်ဘဲ အိမ်မှာပဲနေပါနော်။ မလိုတဲ့လူတွေ အိမ်ပြင်မထွက်ခြင်းအားဖြင့် မဖြစ်မနေ အပြင်သွားနေရတဲ့ လူတွေအတွက် ဝန်ထုပ်ဝန်ပိုးလျော့စေပါတယ်။ အပြင်တွေသွားရင်လည်း တတ်နိုင်သလောက် လူချဲနေခြင်း (Social Distancing)ကို လုပ်ဆောင်ပါ။
အလန့်တကြားနဲ့ စားသောက်ကုန်တွေ ဝယ်ယူသိုလှောင်တာမျိုးလုပ်ရင် ဈေးတွေပိုတက်လာပြီး မဝယ်နိုင်သူတွေကို ဒုက္ခဖြစ်စေတာမို့ ပုံမှန် စားလောက်ရုံ တစ်နေ့တစ်ခါ ဈေးမသွားရရုံလောက်ပဲ ဝယ်ကြရအောင်ပါ။
ကိုယ့်မှာ နေထိုင်မကောင်းဖြစ်ရင်၊ ပိုးကူးစက်နေပြီလို့ သံသယဖြစ်ရင်၊ ဒါမှမဟုတ် ပိုးကူးစက်နေသူနဲ့ လတ်တလောမှာ တွေ့ဆုံထားတယ်ဆိုရင် ကျန်းမာရေးဌာနတွေဆီ သတင်းပို့ပြီး စစ်ဆေးခံပါ။ လူငယ်တွေမှာ ကိုယ်ခံအားကောင်းလို့ နေမကောင်းမဖြစ်ဘူးဆိုရင်တောင် မိမိအနားမှာရှိတဲ့ အသက်ကြီးသူတွေ ကလေးငယ်တွေကို ကိုယ်ကတဆင့် ပိုးဖြန့်ပေးသလို မဖြစ်ပါစေနဲ့လို့ အကြံပြုပါတယ်။
သက်ထားချစ်တဲ့ ပရိတ်သတ်အားလုံး ကျန်းမာဘေးကင်းကြပါစေလို့ ဆုတောင်းပေးနေပါတယ်။
Source- THET HTAR Thuzar #Myanmar_Online_News

No comments:

Post a Comment