ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID19 ကြိုတင်ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလာခဲ့ပါက ထိရောက်စွာ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် အရေးပေါ် လိုအပ်နေသော ငွေကျပ် သိန်း(၁၀၀၀) တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်းများ၊ ကာကွယ်ကုသရေး အသုံးအဆောင်များကို ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၊ ဧရာဝတီဘဏ်လီမိတက်နှင့် AYA Sompo အာမခံတို့မှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရသည်။
ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့်တကွ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာဝန်၊ ဆရာမကြီးများနှင့်အတူ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အရေးပေါ် လိုအပ်လျက်ရှိသည့် Medical Ventilator၊ Oxygen Flow Meter နှင့် ၎င်းတို့နှင့် ဆက်စပ်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)၊ Infrared Thermometer များ၊ N95 Mask နှင့် Surgical Mask များ၊ Surgical Glove များကို ပံ့ပိုးကူညီပေးခဲ့သည်။
ထို့အတူ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် မတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး အရေးပေါ် ဖြည့်တင်းရန် လိုအပ်နေသည့် ICU ကုတင်များ၊ လူနာကုတင်များ၊ Monitor with Etco၊ ICU Ventilator၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)များ၊ အခြား လိုအပ်နေသော ပစ္စည်းများ ဝယ်ယူရန်ပံ့ပိုးကူညီပေးခဲ့သည်။
ထို့အပြင် AYA Sompo အာမခံအနေဖြင့် COVID19 အတွက် တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံတစ်ရပ် စီစဉ်ပေးနိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

Source-U Zaw Zaw #Myanmar_Online_News
>>Zawgyi<<
ဧရာဝတီဖောင်ဒေးရှင်းမှ ဝေဘာဂီ အထူးကုဆေးရုံနှင့် ရန်ကင်း ကလေးဆေးရုံကြီးများ၏ COVID19 ကြိုတင်ကာကွယ်၊ ကုသရေးများအတွက် ငွေကျပ်သိန်း(၁၀၀၀) ပံ့ပိုးကူညီ
Wednesday, March 18 , 2020
ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် COVID19 ကြိုတင်ကာကွယ်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလာခဲ့ပါက ထိရောက်စွာ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီးတို့တွင် အရေးပေါ် လိုအပ်နေသော ငွေကျပ် သိန်း(၁၀၀၀) တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်းများ၊ ကာကွယ်ကုသရေး အသုံးအဆောင်များကို ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၊ ဧရာဝတီဘဏ်လီမိတက်နှင့် AYA Sompo အာမခံတို့မှ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရှိရသည်။
ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ရန်ကင်းကလေးဆေးရုံကြီး ဆေးရုံအုပ်ကြီးနှင့်တကွ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာဝန်၊ ဆရာမကြီးများနှင့်အတူ မတ်လ ၁၇ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အရေးပေါ် လိုအပ်လျက်ရှိသည့် Medical Ventilator၊ Oxygen Flow Meter နှင့် ၎င်းတို့နှင့် ဆက်စပ်ပစ္စည်းများ၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)၊ Infrared Thermometer များ၊ N95 Mask နှင့် Surgical Mask များ၊ Surgical Glove များကို ပံ့ပိုးကူညီပေးခဲ့သည်။
ထို့အတူ ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် မတ်လ ၁၈ရက်နေ့ နံနက်ပိုင်းက ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး အရေးပေါ် ဖြည့်တင်းရန် လိုအပ်နေသည့် ICU ကုတင်များ၊ လူနာကုတင်များ၊ Monitor with Etco၊ ICU Ventilator၊ ရောဂါကာကွယ်ရေးဝတ်စုံ (PPE)များ၊ အခြား လိုအပ်နေသော ပစ္စည်းများ ဝယ်ယူရန်ပံ့ပိုးကူညီပေးခဲ့သည်။
ထို့အပြင် AYA Sompo အာမခံအနေဖြင့် COVID19 အတွက် တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံတစ်ရပ် စီစဉ်ပေးနိုင်ရေး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
Source-U Zaw Zaw #Myanmar_Online_News

0 comments:
Post a Comment