Thursday, March 5, 2020

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင်ပါ ခြောက်ဦးကို တရားစွဲဆိုထားသည့်အမှု တရားစွဲဆိုရန်မသင့်ကြောင်း ဥပဒေရုံး မှတ်ချက်ပေး

Image may contain: 7 people, people standing
Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင် အပါအဝင်ခြောက်ဦးကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားသောအမှုသည် တရားစွဲဆိုခွင့်မရရှိခဲ့ကြောင်း သိရသည်၊၊
ပတ္တာရဲစခန်းက ဗုဗ္ဗသီရိမြို့နယ် ဥပဒေရုံးသို့ ယင်းအမှုနှင့်ပက်သက်၍ အကြံပြုချက်တောင်းခံရာ တရားစွဲဆိုရန် မသင့်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု အမှုဖွင့်ခံရသည့် ဗစ်တိုးရီယား၏ဖခင်နှင့် ရှေ့နေများက ပြောသည်၊၊

ဒေါ်ဥမ္မာလှိုင်က ၎င်း၏သားနှစ်ယောက် ထိခိုက်နစ်နာစေသည်ဟုဆိုကာ ဗစ်တိုးရီးယား၏ဖခင်၊ ဦးလေး၊ အဒေါ်နှင့် ၎င်းတို့၏ မိသားစုရှေ့နေ ဒေါ်ရွက်နုအောင်၊ စွပ်စွဲခံရသူ အောင်ကြီးဘက်မှ ဆောင်ရွက်ပေးသူ ရှေ့နေအဖွဲ့ ဦးဆောင်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့် ယင်းအမှုကို ကူညီပေးနေသူ သက္ကမိုးညိုအကောင့် ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကို ၂၀၁၉ စက်တင်ဘာ ၂၆ရက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် ပတ္တာရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်၊၊

ဗစ်တိုးရီးယားအမှုနှင့် ဆက်စပ်၍ အမှုဖွင့် တိုင်ကြားသည့် အမှုများရှိသော်လည်း အဓိက အမှုတွင် စွပ်စွဲခံထားရသည့် အောင်ကြီးမှာ တရားရှင်လွတ်မြောက်ခဲ့ပြီး ကျူးလွန်သူ တရားခံအစစ်ကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ၊၊

Ref : 7 Day

>>Zawgyi<<

Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင်ပါ ခြောက်ဦးကို တရားစွဲဆိုထားသည့်အမှု တရားစွဲဆိုရန်မသင့်ကြောင်း ဥပဒေရုံး မှတ်ချက်ပေး
Friday , March 6 , 2020

နေပြည်တော် - Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဗစ်တိုးရီးယား၏ဖခင် အပါအဝင်ခြောက်ဦးကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒြေဖင့် အမှုဖွင့်ထားသော အမှုသည် တရားစွဲဆိုခွင့် မရရှိခဲ့ကြောင်း သိရသည်၊၊

ပတ္တာရဲစခန်းက ဗုဗ္ဗသီရိမြို့နယ် ဥပဒေရုံးသို့ ယင်းအမှုနှင့်ပက်သက်၍ အကြံပြုချက်တောင်းခံရာ တရားစွဲဆိုရန် မသင့်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု အမှုဖွင့်ခံရသည့် ဗစ်တိုးရီယား၏ဖခင်နှင့် ရှေ့နေများက ပြောသည်၊၊

ဒေါ်ဥမ္မာလှိုင်က ၎င်း၏သားနှစ်ယောက် ထိခိုက်နစ်နာစေသည်ဟုဆိုကာ ဗစ်တိုးရီးယား၏ဖခင်၊ ဦးလေး၊ အဒေါ်နှင့် ၎င်းတို့၏ မိသားစုရှေ့နေ ဒေါ်ရွက်နုအောင်၊ စွပ်စွဲခံရသူ အောင်ကြီးဘက်မှ ဆောင်ရွက်ပေးသူ ရှေ့နေအဖွဲ့ ဦးဆောင်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်နှင့် ယင်းအမှုကို ကူညီပေးနေသူ သက္ကမိုးညိုအကောင့် ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းတို့ကို ၂၀၁၉ စက်တင်ဘာ ၂၆ရက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် ပတ္တာရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်၊၊

ဗစ်တိုးရီးယားအမှုနှင့် ဆက်စပ်၍ အမှုဖွင့် တိုင်ကြားသည့် အမှုများရှိသော်လည်း အဓိက အမှုတွင် စွပ်စွဲခံထားရသည့် အောင်ကြီးမှာ တရားရှင်လွတ်မြောက်ခဲ့ပြီး ကျူးလွန်သူ တရားခံအစစ်ကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ၊၊

Ref : 7 Day

No comments:

Post a Comment