Tuesday, April 7, 2020

ပိုင်ဆိုင်သည့် လယ်ယာမြေပေါ်ကိုဖြတ်၍ လမ်းဖောက်လုပ်မှုကိုကန့်ကွက်ခဲ့သည့် လယ်ပိုင်ရှင်ကို အမျိုးသားရေး သစ္စာ ဖောက်ဟု ယူဆ၍ AA အကြမ်းဖက်အဖွဲ့ဖမ်းဆီး

Image may contain: sky, outdoor and nature

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊မင်းရဲကျေးရွာအုပ်စု၊ရေနံဒွိန်ကျေးရွာ၌ ကျေးရွာရာအိမ်မှူးဦးဆောင်၍ လမ်းဖော်လုပ်ရာ၌ မိမိလယ်မြေပါဝင်မှုကို ကန့်ကွက်ခဲ့သည့် အဆိုပါကျေးရွာနေ ဦးကျော်နွယ်ကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

ဦးကျော်နွယ်ပိုင်ဆိုင်သည့်လယ်ယာမြေ(၀.၇၅)ပေါ်ကိုရာအိမ်မှူးဦးဆောင်၍ လမ်း ဖောက်လုပ်မှုအပေါ် နစ်နာမှုကို ဖြေရှင်းပေးရန် ဦးကျော်နွယ်က မြို့နယ်ထွေအုပ်ထံ တိုင်ကြားခဲ့ပါတယ်။
ထိုတိုင်ကြားချက်အပေါ် ကျေးနပ်ခြင်းမရှိသောကြောင့် အုပရာအိမ်မှူးအဖွဲ့က ရွာကျင်(ရပ်ရွာသာရေး၊နာရေး၌ပါဝင်ခွင့်မပြု့)လိုက်ပါတယ်။ထိုကြောင့် ဦးကျော်နွယ်သည် လမ်းဖော်ထားသည့် ၎င်းမြေကို ခြံခတ်လိုက်ပါတယ်။ထိုနောက် အဆိုပါ ရပ်ရွာနေ AA နှင့် ပတ်သက်သူများက ဦးကျော်နွယ်သည် အမျိုးသားရေးသစ္စာဖောက်ဖြစ်ပြီး AA ၏ လှုပ်ရှားမှုကို မြို့နယ်ထွေအုပ်ထံ သတင်းပေးတိုင်ကြားသူဖြစ်ကြောင်း စွပ်စွဲလိုက်ပါတယ်။
“အမျိုးသားရေးသစ္စာဖောက်လုပ်ငန်းလုပ်လို့ အဖမ်းခံရရင် ဘာမှ မပြောလိုဘူး။အခုက ပုဂ္ဂိုလ်ရေးရာ ပြသနာကို အမျိုးသားရေး သစ္စာဖောက်အဖြစ် တံဆိပ်တပ်ခံရတာဖြစ်တယ်”ဟု ဖမ်းဆီးခံရသူ ဦးကျော်နွယ်နှင့် နီးစပ်သူက ပြောပါတယ်။
ထိုနောက် AA အဖွဲ့က ဦးကျော်နွယ်ကို ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်၌ ဆိုင်ကယ်ဖြင့် လူတစ်စု ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
Image may contain: text
Ref ; People Media
<zawgyi>
ပိုင်ဆိုင်သည့် လယ်ယာမြေပေါ်ကို ဖြတ်၍ လမ်းဖောက်လုပ်မှုကို ကန့်ကွက်ခဲ့သည့် လယ်ပိုင်ရှင်ကို အမျိုး သားရေး သစ္စာဖောက်ဟု ယူဆ၍ AA အကြမ်းဖက်အဖွဲ့ဖမ်းဆီး
Wednesday, April 8, 2020

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊မင်းရဲကျေးရွာအုပ်စု၊ရေနံဒွိန်ကျေးရွာ၌ ကျေးရွာရာအိမ်မှူးဦးဆောင်၍ လမ်းဖော်လုပ်ရာ၌ မိမိလယ်မြေပါဝင်မှုကို ကန့်ကွက်ခဲ့သည့် အဆိုပါကျေးရွာနေ ဦးကျော်နွယ်ကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။
ဦးကျော်နွယ်ပိုင်ဆိုင်သည့်လယ်ယာမြေ(၀.၇၅)ပေါ်ကိုရာအိမ်မှူးဦးဆောင်၍ လမ်း ဖောက်လုပ်မှုအပေါ် နစ်နာမှုကို ဖြေရှင်းပေးရန် ဦးကျော်နွယ်က မြို့နယ်ထွေအုပ်ထံ တိုင်ကြားခဲ့ပါတယ်။
ထိုတိုင်ကြားချက်အပေါ် ကျေးနပ်ခြင်းမရှိသောကြောင့် အုပရာအိမ်မှူးအဖွဲ့က ရွာကျင်(ရပ်ရွာသာရေး၊နာရေး၌ပါဝင်ခွင့်မပြု့)လိုက်ပါတယ်။ထိုကြောင့် ဦးကျော်နွယ်သည် လမ်းဖော်ထားသည့် ၎င်းမြေကို ခြံခတ်လိုက်ပါတယ်။ထိုနောက် အဆိုပါ ရပ်ရွာနေ AA နှင့် ပတ်သက်သူများက ဦးကျော်နွယ်သည် အမျိုးသားရေးသစ္စာဖောက်ဖြစ်ပြီး AA ၏ လှုပ်ရှားမှုကို မြို့နယ်ထွေအုပ်ထံ သတင်းပေးတိုင်ကြားသူဖြစ်ကြောင်း စွပ်စွဲလိုက်ပါတယ်။
“အမျိုးသားရေးသစ္စာဖောက်လုပ်ငန်းလုပ်လို့ အဖမ်းခံရရင် ဘာမှ မပြောလိုဘူး။အခုက ပုဂ္ဂိုလ်ရေးရာ ပြသနာကို အမျိုးသားရေး သစ္စာဖောက်အဖြစ် တံဆိပ်တပ်ခံရတာဖြစ်တယ်”ဟု ဖမ်းဆီးခံရသူ ဦးကျော်နွယ်နှင့် နီးစပ်သူက ပြောပါတယ်။
ထိုနောက် AA အဖွဲ့က ဦးကျော်နွယ်ကို ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့ ည(၁၀)နာရီ အချိန်ခန့်၌ ဆိုင်ကယ်ဖြင့် လူတစ်စု ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
Ref ; People Media

No comments:

Post a Comment