Saturday, April 11, 2020

ချင်းရွှေဟော်၌ တရုတ်နိုင်ငံမှပြန်လာသည့် နေရပ်ပြန် ပြည်သူ(၄၂)ဦးအား ကျန်းမာရေး စောင့်ကြပ်စစ်ဆေးမှုများပြုလုပ်

Image may contain: one or more people and outdoor

တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၄၂)ဦးအား ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ်မှလွှဲပြောင်းလက်ခံပြီး အမှတ်(၂) ရပ် ကွက်ရှိ မြို့ဂုဏ်ရောင် ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီ အသွားအလာစောင့်ကြည့်ရေးစင်တာတွင် ၁၄ ရက် ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ(၄၂)ဉီးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်၊ အတွင်းရေးမှူး ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာသီဟ နှင့် ကော်မတီအဖွဲ့ဝင် များက ယာယီအသွားအလာစောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ပြီး စင်တာတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များ၊ စားသောက်နေထိုင်ရေးအတွက်စီစဉ်ထားမှုများ နှင့် ကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချင်းရွှေဟော်မြို့ ၌ ယာယီဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင်ကြည့်ရေးစင်တာများ ဖြစ်သည့် မြို့တော်ခန်းမတွင် (၁၄)ဉီး၊ အခြေခံပညာအထက်တန်းကျောင်းတွင်(၄၇)ဉီး နှင့် အမှတ်(၂)ရပ်ကွက် ရှိ မြို့ဂုဏ်ရောင် ဘုန်းတော်ကြီးကျောင်းတွင်(၄၂)ဉီး စုစုပေါင်း(၁၀၃)ဉီးကို ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

Image may contain: one or more people, people standing, sky, outdoor and nature
Image may contain: one or more people, people standing, mountain and outdoor
Image may contain: one or more people, mountain, outdoor and nature
Image may contain: one or more people, people standing, sky, outdoor and nature
Image may contain: one or more people, people standing, sky and outdoor
ဇင်ဇင်(ပြန်/ဆက်)
<zawgyi>
ချင်းရွှေဟော်၌ တရုတ်နိုင်ငံမှပြန်လာသည့် နေရပ်ပြန် ပြည်သူ(၄၂) ဦးအား ကျန်းမာရေး စောင့်ကြပ်စစ်ဆေးမှုများပြုလုပ်
Saturday, April 11, 2020

တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၄၂)ဦးအား ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်စစ်ဆေးရေးဂိတ်မှလွှဲပြောင်းလက်ခံပြီး အမှတ်(၂) ရပ် ကွက်ရှိ မြို့ဂုဏ်ရောင် ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီ အသွားအလာစောင့်ကြည့်ရေးစင်တာတွင် ၁၄ ရက် ကျန်းမာရေး စောင့်ကြပ်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ(၄၂)ဉီးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်၊ အတွင်းရေးမှူး ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာသီဟ နှင့် ကော်မတီအဖွဲ့ဝင် များက ယာယီအသွားအလာစောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ပြီး စင်တာတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များ၊ စားသောက်နေထိုင်ရေးအတွက်စီစဉ်ထားမှုများ နှင့် ကျန်းမာ ရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ချင်းရွှေဟော်မြို့ ၌ ယာယီဖွင့်လှစ်ထားသော အသွားအလာကန့်သတ်စောင်ကြည့်ရေးစင်တာများ ဖြစ်သည့် မြို့တော်ခန်းမတွင် (၁၄)ဉီး၊ အခြေခံပညာအထက်တန်းကျောင်းတွင်(၄၇)ဉီး နှင့် အမှတ်(၂)ရပ်ကွက် ရှိ မြို့ဂုဏ်ရောင် ဘုန်းတော်ကြီးကျောင်းတွင်(၄၂)ဉီး စုစုပေါင်း(၁၀၃)ဉီးကို ကျန်းမာရေးစောင့်ကြပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)

0 comments:

Post a Comment